Wednesday, September 11, 2013

စိတ်ဖိစီးမှု့တွေအတွက် အဖြေရှာနည်း

အပိုင်း ( ၁ )

လူ ဖြစ်လာပြီဆိုရင် လူတိုင်း စိတ်ဖိစီးမူဝေဒနာကို ခံစားရစမြဲပါ။ စိုးရိမ်ကြောင့်ကြ လိုအပ်ချက်တွေနဲ့ စိတ်ဖိစီးမူ ခံစားချက်လေးတွေ နေ့စဉ်အမျှ အနည်း အများ ရှိတတ်ကြသည်။

စိတ်ဖိစီးမူဝေဒနာ ကုစားနိုင်ရန် အဓိက အချက်လေးတွေ စာရေးသူအနေနဲ့ ဆွေးနွေးတင်ပြလိုက်ပါသည်။

၁။ ရင်ဖွင့်ပါ.....
သောကတွေ သင့်ရင်ထဲ ဗလောင်ဆူနေပါက ရင်ထဲ ကျိတ်ခံစားမနေပါနှင့်။
ခေါင်းအေးအေးထားတတ်သူ၊ သင် ယုံကြည်စိတ်ချရသူ တစ်ဦးအား သင့်သောက ဝေဒနာများကို ဖွင့်ဟပြောပြလိုက်ပါ။
ထိုသို့ပြောပြလိုက်ခြင်းအားဖြင့် သင့်စိတ်ထဲပေါ့ပါးကာ လျော့ပါးသွားလိမ့်မည်။
ထို့ပြင် သင့်အတွက် ပြေလည်နိုင်သည့် နည်းလမ်းကောင်းများ မြင်တွေ့ သိမြင် လာနိုင်လိမ့်မည်။

၂။ စိတ်တိုတတ်သောအကျင့်ကို ဖျောက်ပါ.....
တစ်ခါတစ်ရံ အကြောင်းပြချက်မရှိ စိတ်တိုနေတတ်ပါလိမ့်မည်။ မလိုအပ်သည့်နေရာတွင် ဒေါသတကြီး ပြောဆိုလုပ်ကိုင်နေခြင်းသည် မိမိ အတွက် ရှက်စရာကောင်းသည့် စိတ်ပင်ပန်းမူများသာ ပြန်လည်ရရှိလာလိမ့်မည်။

၃။ တစ်ခါတစ်ရံ အလျော့ပေးပါ.....
သင့်ခံစားချက်၊ သင့်အယူအဆ အပေါ်တွင် တစ်ယူသန် မှန်ကန်သည်ဟု ခေါင်းမာစွာ ငြင်းဆန် နေခြင်းအပေါ် သတိထား ဆင်ခြင်ပါ။
ထို့ကြောင့် တစ်ပါးသူအပေါ် အလျော့ပေးဆက်ဆံခြင်းသည် မိမိ စိတ်ကို အေးဆေး တည်ငြိမ် ရင့်ကျက်လာစေသည်။

၎။ သူတစ်ပါးအတွက် တစ်စုံတစ်ခု ပြုလုပ်ပေးပါ.....
မိမိအတွက်ချည်း ငါစွဲထားနေသော လောကကြီးတွင် သူတစ်ပါး၏ အရေးကိစ္စကို အပြုသဘော ကူညီဆောင်ရွက်ပေးတတ်သည့် အလေ့အကျင့် တစ်ခုမွေးမြူပါ။
တစ်ကိုယ်တည်း အထီးကျန်ဖြစ်နေခိုက် သူတစ်ပါးအား ကူညီခြင်းဖြင့် သင်ရရှိလိမ့်မည့် ပီတိ တစ်ခုအတွက် စိတ်ပျော်ရွှင်ခြင်း ခံစားမူတစ်ခု ရရှိလိမ့်မည်။

၅။ တစ်ကြိမ်မှာတစ်ခုသာ လုပ်ပါ.....
အလုပ်ကိစ္စတိုင်း ဗျာများမနေဘဲ အကောင်းဆုံး အစိတ်ပိုင်း တစ်ခုမှသာ ဆောင်ရွက်ပါ။ သင် အနည်းငယ် စိတ်အေးသက်သာ ရှိလာမည်။

ထိုကဲ့သို့ စာရေးသူ ဆွေးနွေးသည့် အချက်လေးတွေကို လုပ်ဆောင်ကြည့်ပါမည်ဆိုက စိတ်ဖိစီးမူ အနည်းနဲ့ အများ သက်သာလိမ့်မည်ကို ယုံကြည်ပါသည်။ နောက် အချက်အနည်းငယ်ကို ဆက်လက်ဖော်ပြပေးပါမည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews