Wednesday, September 11, 2013

ခေါင်းဆောင်ဟူသည်

ခေါင်းဆောင်မူဟူသည်........
ခေါင်းဆောင်တစ်ယောက်ဟာ ငြိမ်းချမ်းစဉ်ကာလတွင်ဖြစ်စေ၊ စစ်မက်ကာလတွင်ဖြစ်စေ လူအများကို ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းတစ်ဦး၊

ခေါင်းဆောင်ကောင်းတစ်ဦးတွင် ပင်ကိုစာရိတ္တကောင်းမူ၊ ကိုယ်ပိုင်ထူးခြားချက်၊ စည်းကမ်း၊ အုပ်ချုပ်မူ အရည်အချင်းနှင့် လူ့သဘာဝကို သိနားလည်မူ စသည့် အရည်အချင်းများရှိရမည်။

ခေါင်းဆောင်တစ်ဦးသည် သူ၏ လက်အောက်ငယ်သားများကို ယုံကြည်၍ လက်အောက်ငယ်သားများ၏ ယုံကြည်မူကိုလည်း ရရှိအောင် ကြိုးစားရမည်။

မြန်မာ့တပ်မတော်တွင် တပ်မှူးကောင်းတစ်ဦး၏ လူပုဂ္ဂိုလ်ရေးဆိုင်းရာအင်္ဂါရပ်များ ဟူ၍ အချက် ၁၀ ချက် ကို အရာရှိများသိရှိစေရန် တပ်မတော် လက်စွဲစာစောင်တွေမှာထည့်သွင်း ဖော်ပြထားပါသည်။

၁။ မိမိကိုယ်ကို မိမိ ထိန်းသိမ်းမူနှင့် ယုံကြည်မူ။
၂။ ခေါင်းဆောင်ရန် တင့်တယ်သော ကိုယ်ဟန်ရှိမူ။
၃။ ခေင်းဆောင်ရန် ဆန္ဒပြင်းပြမူ။
၎။ သူရသတ္တိနှင့် သန္နိဋ္ဌာန်ချတတ်မူ။
၅။ တွေးခေါ်မြော်မြင်တတ်မူ။
၆။ မေတ္တာအစစ်အမှန်ထားနိုင်မူ။
၇။ သမာဓိရှိမူနှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ပေးနိုင်မူ။
၈။ အပြုသဘော အကောင်းမြင်ဝါဒ လက်ကိုင်ထားမူ။
၉။ ကိုယ်ကျိုးစွန့်လွှတ်မူနှင့် တာဝန်ကိုရိုသေလေးစားစွာထမ်းဆောင်တတ်မူ။
၁၀။ ကိုယ်ကျင့်တရားကောင်းမွန်မူနှင့် ရိုးသားဖြောင့်မတ်မှန်ကန်မူ။
တို့ဖြစ်ပါသည်။
စာရေးသူတို့ အပြင်လူတွေအနေနဲ့လည်း တပ်မတော်၏ တပ်မှူးကောင်းတစ်ယောက် အင်္ဂါရပ်များနှင့်ကိုက်ညီစွာ နေထိုင် ခေါင်းဆောင်မူ ပြုခဲ့မည်ဆိုပါက စစ်မှန်သော ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်နိုင်ပါသည်။

စာရေးသူ ဖော်ပြသည့်အကြောင်းအရာများသည် ယနေ့ခေတ်လူငယ်များအနေဖြင့် တစ်ဦးတစ်ယောက် မှသည် အဖွဲ့စည်း၊ နိုင်ငံတော်အဆင့်ထိ တတ်လှမ်းနိုင်မည့် ခေါင်းဆောင်ကောင်းများ ဖြစ်စေရန် ရည်ရွယ်၍ ရေးသားဖော်ပြခြင်းမျှသာဖြစ်ပါသည်။

မည်သည့်စာပေ၊ အကြောင်းအရာမှန်သမျှ စာဖတ်သူအနေဖြင့် စဉ်းစားဆင်ခြင် လေ့လာမည်ဆိုပါက အစစ်အမှန် ဗဟုသုတများ ရရှိနိုင်ပါလိမ့်မည်။-

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews