မိန်းခလေးဘဲဖြစ်ဖြစ်
ယောင်္ကျားလေးဘဲဖြစ်ဖြစ်… အလှအပကို မြတ်နိုးတတ်ကြတာ… သဘာဝပါ… ဒါ့ကြောင့်
ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း…
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်…
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ…
ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်းပန်းကန်လုံးထဲကို အရည်ညှစ်ပါ…
အကြမ်းပန်းကန်လုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်
ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး… မွှေပေးပါ…
အသုံးပြုနည်း
ညအိပ်ယာဝင်ခါနီးတိုင်း……
ဆေးကို
ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး
အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ… ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့
ပွတ်လိမ်းပေးနိုင်ပါတယ်…
တစ်ပါတ်အတွင်း
သိသာစွာ… ဗိုက်ချပ်လာသည်ကို… လက်တွေ့… တွေ့မြင်
ခံစားရမှာပါ…(ယခုမိတ်ဆွေ.. ၃ /၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး…
ကျေးဇူးတင်ကြောင်း… ထောက်ခံချက်ပေးလာသောကြောင့်… သူငယ်ချင်းတို့ကို
မျှဝေလိုက် ပါတယ်)
မှတ်ချက်-
ညစာကို ပုံမှန် ထက်… လျှော့စားပေးရင်… ပိုပြီး သိသိသာသာ
ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ
လျှော့ကျသွားမှာဖြစ်ပါတယ်…..
မိတ်ဆွေများထံမှ သိရခြင်းဖြစ်ပါသည်။
မူလမျှဝေသူ – အေးနန္ဒာအောင်
0 comments:
Post a Comment