လူဘောင်လောက လူသားတို့ အဆောက်အအုံ လို့
ပြောလိုက်ရင် စာဖတ်သူအနေဖြင့် ခေါ်ပေါ် မိုးမျှော် တိုက်ကြီးတွေ၊ ဟိုတယ်တွေ၊
ပန်းခြံ၊ စားဥယျာဉ် တွေကို ပြေးမြင်မိမလားဘဲနော်။ မှားပါတယ်။ မဟုတ်ပါဘူး။
လူသားအဖွဲ့အသည်း
လူ့ အဆောက် အအုံ ဆိုတာ လူသားတွေ ကျင့်သုံးနေကြတဲ့ ထုံးတမ်းအစဉ်အလာ
ယဉ်ကျေးမူနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူနေမူစရိုက် နေပုံထိုင်ပုံဖြစ်
ပါသည်။
မြန်မာနိုင်ငံ လူ့ဘောင် အဖွဲ့အစည်းမှာ သတ်မှတ်ထားတဲ့
ဓလေ့ထုံးတမ်း အစဉ်အလာများစွာရှိသည့် အနက် အသက်ကြီးသောသူ၊ ၀ါကြီးသော
ပုဂ္ဂိုလ်၊ မိဘဘိုးဘွားတွေကို စာရေးသူတို့ ငယ်ရွယ်သူများ
ရိုသေလေးစားရမယ်ဆိုတာ ဟိုးယခင် ရှေးဘိုးဘွား ဘီဘင်တွေ အဆက်ဆက်
သွန်သင်ဆုံးမခဲ့ကြ တဲ့ စကားဖြစ်ပါသည်။
စာဖတ်သူအနေဖြင့်
ပိုက်ဆံရှိလို့ မော်ဒယ်အမြင့် ဘာကားပဲစီးစီး၊ ပိုက်ဆံကို ဘယ်လိုပဲသုံးသုံး
လမ်းမ ထက် ပလက်ဖောင်းပေါ်မှာ ဆင်းရဲရှာလွန်းလို့ တောင်းရမ်းစားသောက်နေတဲ့
အဘိုးအဘွား လူအိုတစ်ယောက်ကို ဘောက်မဲ့ အကြောင်းမဲ့ ကျက်သရေယုတ်လို့ ခြေနဲ့
ကန်ပစ်စမ်းကွာ ခိုင်းစေလာရင် စာဖတ်သူ အနေဖြင့် လုပ်ဖို့ ၀န်လေးပါလိမ့်မည်။
စာဖတ်သူရင်ထဲမှာ ကိုယ့် အဘိုးအဘွား အရွယ်လောက်ဟာကြီး မလုပ်ချင်ပါဘူးလို့
စိတ်ထဲ ၀မ်းထဲ က ဆင်ခြေပေးတားဆီးလိမ့် လာလိမ့်မည်။
ဒီအချက်ဟာ
ကျွန်ုပ်တို့ လူ့ဘောင်အဖွဲ့အစည်း အဆောက်အအုံက တားမြစ် ချမှတ်ထား တဲ့
စည်းကမ်း ကိစ္စတွေကြောင့် စာဖတ်သူ ကို အလိုလိုတားဆီးနေခြင်းဖြစ်သည်။
ကျွန်ုပ်တို့ အဲဒီလို ယဉ်ကျေးမူ၊ တွေးခေါ်မူတွေ ရရှိလာခဲ့ခြင်းသည်
ဗုဒ္ဓတရားတော်ကို သက်ဝင် ယုံကြည်တဲ့ နိုင်ငံတစ်ခုဖြစ်နေခြင်း၊
ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်သည်။ ဂါရဝေါစ နိဝါတောစ
မင်္ဂလာတရားတော်ကို လူကြီးမိဘ ဆရာသမားနဲ့ ကျောင်းတွေကပါ သင်ကြားပေးခဲ့ခြင်း
ကြောင့်ဖြစ်ပါသည်။
စာရေးသူ နိုင်ငံခြားသို့ ကျောင်းတတ်စဉ်
အချိန်တုန်းက အဆောင်ကနေ ကျောင်း ကိုသွားတဲ့ လမ်း တစ်လျှောက် ဘူတာရုံ၊
ကားဂိတ်တွေ မှာ ကိုယ့် အဘိုးအဘွားအရွယ် အသက်အိုကြီး အိုမနဲ့
ဈေးရောင်းနေတာတွေ တွေ့တော့ … သြော်… ငါတို့ မြန်မာနိုင်ငံမှာဆို
ဒီလိုအရွယ် အဘိုးအဘွားတွေ ကို သားသမီးတွေက ပြုစုလုပ်ကျွေးပြီး တရားဓ္ဓမ နာယူ
အေးဆေးသက်သာနေ နေကြတာ.၊ သူတို့ မှာဖြင့် ပင်ပန်းဆင်းရဲစွာ အအေးဒဏ်အန်တု
လို့ ၀မ်းစာရှာနေကြတုန်းပဲလို့ စာနာစိတ်နဲ့ သနားမိပြန် တယ်။
ရထားပေါ်၊ လိုင်းကားပေါ် ရောက်ပြန်တော့ တုံ့တုံ့ ချိချိ တတ်လာပြီး နေရာမရ
ဖြစ်ပြန်တော့ ဖေးမကူတွဲပြီး ကိုယ်ထိုင်တဲ့နေရာ သက်ကြီးရွယ်အိုတွေကို
ပေးထိုင်လိုက်ပြန်တယ်။ ဒါဟာ မြန်မာ့ သွေးထဲမှာရှိနေတဲ့ ယဉ်ကျေးမူ၊
ရိုင်းပင်းမူ၊ စာနာမူ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ မြန်မာမိသားစု
တည်ဆောက်ပုံ ဓလေ့စရိုက်နဲ့ အနောက်နိုင်ငံတွေမှာ မတူကွဲပြားမူ ရှိကြ ပါတယ်။
မိဘဟာ သားသမီးကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အခြေအနေထိ
ကျွေးမွေး ပြုစုစောင့်ရှောက်ကြတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်
အိမ်ထောင်ပြုပြီးလည်း မိဘနဲ့ မခွဲ အတူနေချင်ပါတယ်ဆိုလည်း မငြိုငြင်
ကြည်ဖြူစွာ ခွင့်ပြုတယ်။
မိမိက မွေးလာသမျှ သားသမီးတွေကို လည်း ထိန်းသိမ်းစောင့်ရှောက်ပေးပြန်သေးတယ်။ အဲဒါ မြန်မာနိုင်ငံနော်။ တစ်ခြား ဘယ်နိုင်ငံမှ မရှိဘူး။
အနောက်တိုင်းနိုင်ငံတွေမှာက အသက် ၁၈ နှစ်မပြည့်ခင် ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်ငံ ကြိုးစား၊ အသက် ၁၈ နှစ်ပြည့်ပြီဆိုတာနဲ့ အိမ်ပေါ်က
ဆင်းပေတော့ပဲ။
မြန်မာနိုင်ငံ မိသားစု အဆောက်အအုံက အင်မတန်
နွေးထွေးတဲ့ အဆောက်အအုံလေးတစ်ခုပါ။ တစ်စု တဝေးတည်း အတူတူနေထိုင်လာတဲ့
ဓလေ့စရိုက်က မိမိ မိသားစုတင်မဟုတ် ရပ်ကွက် ပတ်ဝန်းကျင်မှာပါ တစ်ဦးနဲ့
တစ်ဦး အပြန်အလှန်စောင့်ရှောက်တဲ့ စိတ်ထားလေးတွေ ရှိပါတယ်။
အကြားမတော်၊ အမြင်မတော်ရင်လည်း ဘေးကနေ လက်ပိုင်ကြည့်မနေကြပြန်ဘူး။ ဆွေမျိုး မတော် ပေမယ့်လည်း ဖေးမလို့ ကူညီ ဆုံးမ သတိပေးကြပါတယ်။
ဒီဘက်ခေတ်၊ ယနေ့ခေတ် မြန်မာနိုင်ငံရဲ့ နွေးထွေးတဲ့ အဆောက်အအုံဟာ
တစ်စထက်တစ်စ တဖြည်း ဖြည်း၊ ယိုင်နဲ့ ပျက်ဆီးလာပါတယ်။ ဘာကြောင့် ယိုင်နဲ့
ပျက်ဆီးလာသလဲ ဆိုတော့… ပိုက်ဆံ၊..... ပိုက်ဆံ.... ။
ပိုက်ဆံ…..၊
ငါ့မှာ ပိုက်ဆံရှိတာပဲ ဘယ်သူ့ကို ဂရုစိုက်နေရမလဲ။ ပိုက်ဆံရှိရင်
ဘာမဆိုလုပ်ယူလို့ ရတယ်။ စိတ်ကြီးဝင် မိုက်လုံးကြီးတွေက ဖျက်ဆီးနေတာလေ။
အနောက်တိုင်းနိုင်ငံတွေ တိုးတတ်ပါတယ်။ စက်မူနည်းပညာတွေ၊ စီးပွားရေးတွေ၊
လူနေ အဆောက်အဦ တွေ တိုးတတ်ထွန်းကားနေပေမယ့် ယဉ်ကျေးမူတွေနဲ့
နွေးထွေးစွာတည်ဆောက်ထား တဲ့ လူသားအဆောက်အအုံလေးကတော့
ပျက်စီးပျောက်ကွယ်သွားပါပြီ။
စာဖတ်သူတို့ မြန်မာနိုင်ငံမှာ အခုမှ ပျက်စီးစပြုနေတာပါ။ ပြန်လည် ၀ိုင်းဝန်း ထိန်းသိမ်းလို့ မှီနိုင်ပါ တယ်။
ဗုဒ္ဓဘာသာတရားနဲ့ ယှဉ်တွဲနေထိုင်တဲ့ မြန်မာ့ လူ့အဆောက်အဦဟာ အင်မတန်
နေပျော်ပါတယ်။ ဘေးပတ်ဝန်းကျင် နိုင်ငံတွေအမြင်မှာ ရှက်စရာမဟုတ်၊
နွေးထွေးမူအတွက် ဂုဏ်ယူကြစမ်းစေချင်ပါတယ်။
0 comments:
Post a Comment