ကျွန်ုပ်တို့
လူသတ္တ၀ါသည် အဖော်ခင်တတ်သော သတ္တ၀ါ တစ်မျိုးဖြစ်ကြ တယ် ဆိုတာ စာဖတ်သူအနေနဲ့
လက်ခံနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ မိတ်ဆွေသင်္ဂဟ ပေါများခြင်သည်
မင်္ဂလာတစ်ပါးဟုလည်း သတ်မှတ်ထားကြည်သည်။ သို့သော် မိတ်ကောင်းဆွေကောင်းကား အလွန်ရှားလှ ပါးလှ သည်ဟု လူအများကပင် တစ်ချိန်တစ်ခါညည်းညူပြောဆိုတာ စာဖတ်သူအနေဖြင့်ကြားဖူးလိမ့်မည်။
မိတ်ဆွေဖြစ်ခြင်းမှာ လူတို့သည် သာမန်အားဖြင့် (၁) အသုံးဝင်မူကြောင့် လည်းကောင်း ၊ (၂) ပျော်ရွှင်မူအတွက်ကြောင့်လည်းကောင်း အခြားသူ တစ်စုံတစ်ယောက်နှင့် ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံပေါင်းသင်းလေ့ရှိကြသည်။
အပြန်အလှန် အသုံးဝင်မူနှင့် ယင်းမှ ဆင့်ပွားလာသော ပျော်ရွှင်မူတို့သည် သာမန်မိတ်ဆွေဖြစ် ဆက်ဆံရေးလောက ယေဘုယျလက္ခဏာများ ဖြစ်သည် ဟု ဂရိပညာရှိ အရစ္စတိုတယ် က ပြောခဲ့ဖူးသည်။
လုပ်ငန်းခွင်အတွင်း၊ စီးပွားစပ်တူလုပ်ကိုင်ခြင်း၊ ခရီးဝေး ရထား ကား စီးရင်း အပျင်းပြေမိတ်ဖွဲ့စကားပြောရာမှ ခင်မင်ကြခြင်း။ ယခု Internet ခေတ်စားလာသည်အမျှ မိတ်ဆွေဖွဲ့ခြင်းသည် လွယ်ကူသထက် လွယ်ကူလို့ လာပေသည်။
သို့သော် အခြေအနေပေးသဖြင့် သို့မဟုတ် အခြေအနေက တွန်းပို့သဖြင့် မိတ်ဆွေ ဖြစ်ကြရသူတို့ မှာ အခြေအနေပြောင်းလဲသည်နှင့်အမျှ ဆက်ဆံရေး အနေအထားများ ပြောင်းလည်းသွားကြသည်မှာ စာဖတ်သူတို့ အသိပင်ဖြစ်သည်။
သာမန်မိတ်ဆွေနှင့် မိတ်ဆွေစစ် မိတ်ဆွေကောင်း မည်သို့ ခြားနားသနည်းဟုမေးလျှင် စိတ်ဓါတ်တွင် ခြားနားသည်။ ဂုဏ်သိက္ခာတွင် ခြားနားသည်ဟု သူက ဆိုသည်။ မိတ်ဆွေကောင်း၏ ရင်းနှီးခင်မင်စိတ်နှင့် အကျိုးလိုလားစိတ်တို့သည် အခြေအနေအချိန်အခါ၏ ကန့်သတ်မူဘောင်တွင် ကျော်လွန်သည်။ သူသည် လောလောဆယ် အကျိုးရှိလို့ ပေါင်းသင်းခြင်းမဟုတ်ပဲ မိတ်ဆွေအဖြစ် အပြန်အလှန် သတ်မှတ်ယုံကြည်ထားသူအား ကိုယ်ကျိုးမငဲ့ကွက်ဘဲ ဆက်ဆံပေါင်းသင်းသွားဖို့မှာ မိမိတာဝန်ဖြစ်သည်ဟု စိတ်နှလုံး ပိုက်ထားသည့် ဂုဏ်သိက္ခာကြီးမားသူဖြစ်သည်။
မိတ်ဆွေကောင်းဟူသည် မိမိအကျိုးရှိသည့်အခါ မြှောက်ပင့်ရိုကျိုးပြီး မိမိအကျိုးမရှိသည့်အခါ ကဲ့ရဲ့ပြစ်တင်မည်မဟုတ်.. . သူ၏ ဆက်ဆံရေး မှာလည်း ပြောင်းလည်းမည်မဟုတ်။ အမြဲတစ်သမတ်တည်း တန်းတူ ရည်တူ စိတ်ဖြင့် အကျိုးပြု ဖြစ်ထွန်းစေလိုသော စေတနာနှင့် အကျိုးမယုတ်စေလိုသော သတိ အမြဲရှိသည်။
မိတ်ကောင်းဆွေကောင်း ရှိသူကား လောကတွင် အကြီးမားဆုံး လာဘ်လာဘကို ရသူဖြစ်သည်ဟု ဆိုရမည်.... ။ မိတ်ဆွေကောင်း ရရှိရေးအတွက် စာဖတ်သူအနေဖြင့် ရေးကြီးဆုံး အခြေခံအချက်လေးကို မှတ်သားမည်ဆိုပါက..... မိမိကိုယ်တိုင်က တစ်ဖက်လူအတွက် မိတ်ဆွေကောင်းပီသသူ ဖြစ်အောင် ကျင့်ကြံတတ်ဖို့ ပင်ဖြစ်သည်။

7:51 AM

Posted in:
0 comments:
Post a Comment