Wednesday, September 4, 2013

အသက် ၁၂၃ နှစ်အရွှယ်ရှိဘိုလီဗီးယား လယ်သမားကြီး


ဇာပါ့ဇ် စက်တင်ဘာ ၃

  သဘာဝ အသီးအနှံ များသည် အသက်ရှည်ဆေး ဖြစ်ကြောင်း အသက် ၁၂၃ နှစ်အရွယ်ရှိ ဘိုလီဗီးယား လယ်သမားကြီး ပြောကြား
ဘိုလီဗီးယား နိုင်ငံမှ အသက် ၁၂၃ နှစ်ရှိ ကမ္ဘာ့ အသက်ရှည်ဆုံး ပုဂ္ဂိုလ် ဖြစ်နိုင်ဖွယ် ရှိသည့်  လယ်သမားကြီး တစ်ဦးသည် ၎င်း၏ အသက်ရှည်မှုနှင့် ပတ်သက်သည့် စားသောက် နေထိုင်ပုံ လျှို့ဝှက်ချက် များကို ထုတ်ဖော်ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင်  ဖော်ပြထားသည်။
အင်တာနက် သတင်းပါ ဖော်ပြချက် အရ ကာမီလို ဖလောရက်စ် အမည်ရှိ အဆိုပါ လယ်သမားကြီးသည် ယနေ့ခေတ်သုံး ဗီတာမင် ဖြည့်စွက်စာ များကို မှီဝဲ စားသုံးခြင်း မရှိခဲ့ သကဲ့သို့ ယနေ့ခေတ်တွင် ရေပန်းစား လှသည့် အားကစားရုံ များသို့လည်း သွားရောက်ကစား ခဲ့ဖူးခြင်း မရှိဟု သိရသည်။
အသက် ၁၂၃ နှစ်တိုင်အောင် မိမိသည် သဘာဝ ကောက်ပဲသီးနှံများ၊ မြစ်ကမ်းပါးတွင် ပေါက်ရောက်နေသော မှိုများနှင့် ကိုကာရွက်များ ကိုသာ စားသုံးခဲ့ကြောင်း၊ သဘာဝ ကောက်ပဲ သီးနှံများတွင် ခန္ဓာကိုယ် အတွက် လိုအပ်သည့် ဗီတာမင် စုံလင်စွာ ပါရှိကြောင်း ဘိုလီဗီးယား နိုင်ငံ Frasquia ဒေသတွင်းရှိ အန်ဒန်တစ်ခု အတွင်း၌ သက်ရှိထင်ရှား နေထိုင်လျက် ရှိသည့် ကာမီလိုက ၎င်းထံလာရောက် မေးမြန်းသူ များကို ၎င်းစားသောက် နေထိုင်မှုနှင့် ပတ်သက်၍ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews