ကြာပြီးဖြစ်လည်း၊ တစ်နှစ် တစ်ခေါက်
ပြန်မရောက်ခြေ
ရောက်လည်းမကြာ ခဏတာတည်း။
ပညာမိတ်ဆွေ ရွာမိတ်ဆွေနှင့်
မိတ်ဆွေပီစွာ ၀ိုင်းဖွဲ့ပါ၏။
မာစသာစ မေးမ၀မီ
ရွာကပြန်ခဲ့ ရသည်ချည်း။
အမေနှင့်သား အပြံးများနှင့်
စကားဆုံးစ ပြောမ၀မီ
ရွာကပြန်ခဲ့ရသည်ချည်း။
အမေနှင့်သား လက်ဆုံစား
အားရပါးရ စားမ၀မီ
ရွာကပြန်ခဲ့ရသည်ချည်း။
အမေ့သံယောဇဉ် ကြိုးတစ်မျှင်သို့
တင်းပင်တင်းလျှက် ပြတ်နှိင်ခက်လည်း
မျက်ရည်ဝှက်ကာ ပြုံးမျက်နှာဖြင့်
တာဝန်ကိစ္စ အကြောင်းပြကာ
ရွာကပြန်ခဲ့ ရသည်ချည်း။
အမေမှာလည်း လာလိုနီး၏ ဆိုးရိုးရှိလည်း
သားရှိလေရာ လာလိုပါလျက်။
လာဖြစ်နှိင်ခဲ့ ရောက်နှိင်ခဲ၏။
လူကြုံတစ်တန် စာတစ်တန်ဖြင့်
ကြိမ်ဖန်များစွာ မှာပင်မှာလည်း
လာဖြစ်နှိင်ခဲ့ ရောက်နှိင်ခဲ၏။
လာသည်ထားဦး လက်စုံဦးချ
ဖူးမ၀မီ မြို့မှအမေ ပြန်သည်ချည်း.....
အမေနှင့်သား အပြုံးများဖြင့်
စကားလက်ဆုံ ပြောမကုန်မီ
မြို့မှအမေ ပြန်သည်ချည်း...
သားသံယောဇဉ် ကြိုးတစ်မျှင်ကို
တင်းပင်တင်းလျှက် ဖြတ်နှိင်ခက်လည်း
မျက်ရည်ဝှက်ကာ ပြုံးမျက်နှာဖြင့်
ယာချောင်းကိစ္စ အကြောင်းပြကာ
မြို့မှအမေ ပြန်သည်ချည်း။
သြော်........
ဘ၀တာဝန် သို့ဖြစ်အင်ကြောင့်
တာဝန်စေ၍ အမေနှင့်သား ခရီးခြားလည်း
မခြားမေတ္တာ နွေးထွေးပါ၏
စာပေသီချင်း ရင်တွင်းဂီတ
အလှကဗျာ ဤလင်္ကာဖြင့်
အညာမိခင် ရွာမိခင်ကို
ဦးတင်ကန်တော့ လိုက်ပါသည်။
0 comments:
Post a Comment