ညတွေကို ခရေပန်းလေးတွေလိုသီရရင်
ဒီည မမွှေးတော့မှာသေချာတယ်
ဘာလို့ဆိုတော့
မင်းမရှိလို့ပေါ့
ကိုယ့်နှလုံးသားထဲက
အရိုင်းပန်းလေးတစ်ပွင့်ကို
မင်းနမ်းတတ်ရင် တစ်သက်တာ
ထာဝရ ရှင်သန်လို့နေမှာ
ချစ်သူ
လေပြေလေးတွေရယ်
ချစ်သူရဲ့
ကိုယ်သင်းရနံ့လေးမပါရင်
မတိုက်ပါနဲ့လား
ကိုယ့်တစ်ယောက်တည်း
အခန်းငယ်လေးထဲမှာ
အားငယ်နေလို့ပါ
...........အသည်းလေး
0 comments:
Post a Comment