ညိုပြာပြာ လတာပြင်ခြေရင်း လိုင်းတက်ရာ ဗေဒါတက်၊လိုင်းသက်ရာဆင်း။ဆင်းရလည်းမသက်သာ...အုန်းလတ်ကြွေရေပေါလော၊မျောစုန်လို့လာ အဆင်းနဲ့လာ၊ဗေဒါမ အတွေး။ အုန်းလတ်ကြွေ သူ့နံဘေး၊ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လည်း မသက်သာ နောက်တချီဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြည်လေပေါ့ ပေါ်မလာ၊မဗေဒါအလှ တလံကွာ လိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ ပေါ်ပြန်လဲမသက်သာ ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ ဘဲအုတ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါကတစ်ပင်တည်း အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ၊ပန်းပန်လျှက်ပဲ
0 comments:
Post a Comment