Saturday, August 3, 2013

ကံကြမ္မာ

အချစ်ဆိုတဲ့အရာက ငါ့တစ်ယောက်တည်းကို
တမင်တစ်ကာများ ကလူကျီစယ်သွားတာလား
ချစ်ခြင်း တွေ ငါ့နံဘေး နားက ဖြတ်ပြေးသွားကြတဲ့အခါ
ကယောင်ကတမ်းနဲ့အိမ်မက်ထဲမှာထထ ငိုကြွေးနေမိတယ်
သတိလက်လွတ်ငါ့ပါစပ်နဲ့ရေရွတ်မိတာက
နင် ငါ့ကိုမချစ်ဘူးတဲ့
မေတ္တာတရားဆိုတဲ့အ၇ာကလည်းအခက်သား
အနက်အဓိပ္ပါယ်
နားလည်သိတတ်ဖို့ ကျ
ငါ့မှာမပါခဲ့တာလား
ဘဝဆိုတဲ့ကံကြမ္မာထဲ
စည်းစိမ်ဥစ္စာနဲ့ယှည်လာတော့ငါ့ဘက်ကနိမ့်ကျသူ
နှလုံးသားခြင်း ယှဉ်လာပြန်တော့
နင့်အမြင်မှာ ငါကမရင့်ကျက်သူတဲ့
ရှိစေတော့ ကံကြမ္မာရယ်
နင့်ဘဝလှဖို့အတွတ်ဆို ငါ့နှလုံးသွေးကိုရင်းပြီး
အဝေးဆုံးကပဲငါ ပြုံးပြနေခဲ့ပါရစေတော့

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews