Monday, December 30, 2013

အရောင်ဆန်းလေးတွေ၊ဖက်ရှင်အရောင်စပ်လေးတွေနဲ့ဆန်းသစ်လှပတဲ့ အနုပညာရှင်တွေရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်

အခုဆိုရင် မြန်မာနိုင်ငံ ရုပ်ရှင်လောကသားတွေကို မှတ်တိုင်စိုက်ထူခွင့်ပေးတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ဒီ ၂၀၁၂ခုနှစ်အတွက် ထူးချွန်ဆုချီးမြှင့်ပေးတဲ့ အကယ်ဒမီပွဲကြီးကို ရုပ်ရှင်သရုပ်ဆောင်တွေကလည်း စုံစုံညီညီ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။ လူစုံသလို ဖက်ရှင်ကလည်း အရောင်စုံ အသွေးစုံနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုလို့တောင် သစ်လွင်ဆန်းသစ်လာတဲ့ ဒီဇိုင်းတွေကို အားလုံးပဲ မြင်တွေ့ရမှာပါ။ ဒီနှစ်ရဲ့ ဖက်ရှင်အပေါ်မှာ အနည်းငယ် သုံးသပ်ကြည့်ရရင်တော့ အရောင်နုလေးတွေကို စပ်ပြီး အဓိကထား ၀တ်ဆင်သွားတာ တွေ့ရပါတယ်။
 အကယ်ဒမီဆုရှင် ဖွေးဖွေးကတော့ နာမည်နဲ့လိုက်အောင် အဖြူရောင်ကို ၀တ်ဆင်ခဲ့ပါတယ်။ ဒီဇိုင်နာ မမဉ္ဇူ (Zu Zu collection) ရဲ့ ဒီဇိုင်းကို ဆင်မြန်းထားတဲ့ ဖွေးဖွေးအတွက် မိတ်ကပ်နဲ့ ဆံပင်ကိုတော့ Hello က လက်စွမ်းပြထားတာပါ။
 နှစ်တိုင်းမှာ ရိုးရာဝတ်စုံသာ ၀တ်ဆင်မြဲဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ခင်လေးနွယ်ကလည်း ဒီနှစ်မှာ လီဆူးရိုးရာဝတ်စုံ အစိမ်းရောင်လေးကို ၀တ်ဆင်ခဲ့ပါတယ်။  အကယ်ဒမီတစ်ပြေး စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ န၀ရတ်ရဲ့ ၀တ်စုံကတော့ ဘယ်သူနဲ့မှမတူ တစ်မူထူးခြား ဆန်းသစ်ပြီး ရွှေရောင်နဲ့ တစ်လက်လက် တောက်ပနေခဲ့ပါတယ်။ ဒီဝတ်စုံ တစ်စုံလုံးကို ဒီဇိုင်နာ လတ်လတ်က လက်စွမ်းပြထားပါတယ်။
မြန်မာဆန်တဲ့ ဆင်ယင်ထုံးဖွဲ့မှုနဲ့ ပရိသတ်မျက်စိထဲ ထင်းကနဲဝင်လာတဲ့ နန်းဆုရတီစိုးရဲ့ ဖက်ရှင်ဒီဇိုင်နာကတော့ ဌေးဌေးတင်ပါ။ မိတ်ကပ် ထက်ထက်ဖြစ်ပြီး လတ်ဝတ်ရတနာကို စိန်နန်းတော်က စပွန်ဆာ ပေးထားပါတယ်။ အကယ်ဒမီ သက်မွန်မြင့်နဲ့ Jenny တို့ကတော့ ဒီနှစ်ရဲ့ အကယ်ဒမီဆုရှင် ဖွေးဖွေးနဲ့ အရောင်ချင်း တူနေပြီး အဖြူရောင်လေးတွေနဲ့ သစ်လွင်တောက်ပနေခဲ့ ကြပါတယ်။ ချစ်သုဝေရဲ့ ဒီဇိုင်းကတော့ ခါတိုင်းနှစ်တွေနဲ့မတူပဲ ပိုပြီးရင့်ကျက်တဲ့အသွင်ကို ဆောင်နေတာကြောင့် theme တစ်ခုခုကိုများ ချပြလိုသလားလို့ ထင်မိပါတယ်။ 
စိုးမြတ်နန္ဒာကတော့ ဘယ်သူနဲ့မှ မတူတဲ့ဖက်ရှင်နဲ့ပါ။ ရောင်ပြေး ဒေါင်လိုက်အစင်းကြားနဲ့ ကန့်လန့်စင်း ချိတ်ထမီကို သူများတွေနဲ့မတူတဲ့ ဖက်ရှင်အနေနဲ့ အသစ်အဆန်းထွင် ၀တ်ဆင်သွားပါတယ်။ မိုးဟေမာန်ခင်ကတော့ ခရင်မ်ကာလာလေးဝတ်ပြီး တက်ရောက်ခဲ့ကြပါတယ်။ သူမရဲ့ဝတ်စုံဒီဇိုင်နာက ကိုမျိုးမင်းစိုးဖြစ်ပါတယ်။
ရာသီဥတုနဲ့ အံတုဝတ်ဆင်ခဲ့သူ တစ်ဦးကတော့ မိုးယုစံနဲ့ ၀ိုင်းစုခိုင်သိန်းတို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ပန်းရောင်ဝတ်စုံကို လက်ပြတ်ဝင်ဆင်ခဲ့လို့ပါ။ ညီနန္ဒကတော့ ဇနီးဖြစ်သူနဲ့အတူ တက်ရောက်ခဲ့ပြီး အဖြူရောင် ဆင်တူကို ၀တ်ဆင်ထားပါတယ်။ ခန္ဓာကိုယ် အချိုးအစား ပေါ်လွင်စွာ ဖက်ရှင်ထွင်ခဲ့ဝတ်ခဲ့တဲ့သူကတော့ သွန်းဆက်ပဲဖြစ်ပါတယ်။
ဒီနှစ်ရဲ့ နာမည်ကြီး အမျိုးသားသရုပ်ဆောင် အတော်များများက အနက်ရောင် ၀တ်ဆင်ခဲ့ကြတာ တွေ့ရပါတယ်။ ရဝေအောင် ၊ ခန့်စည်သူ ၊ စိုင်းစိုင်းခမ်းလှိုင် ၊ စွမ်းဇာနည် ၊၂၀၁၁ခုနှစ်ရဲ့ အကယ်ဒမီဆုရှင် နောင်နောင် တို့အားလုံးကို အနက်ရောင်တိုက်ပုံတွေနဲ့တွေ့ရမှာပါ။ ဒါရိုက်တာတွေဖြစ်တဲ့ ကိုပေါက် ၊ ညိုမင်းလွင် နဲ့ ဇာနည်တို့ကလည်း အနက်ရောင်နဲ့ပါပဲ။
နေတိုးရဲ့ တိုက်ပုံဒီဇိုင်းကတော့ ဒီဇိုင်းဆန်းလေးလို့ဆိုရမှာဖြစ်ပြီး အရောင်ကတော့ ခဲစိမ်းလို့ ဆိုပါတယ်။ မြန်မာရိုးရာ ၀တ်စုံတွေထဲမှာမှ သူများနဲ့မတူပဲ ပွဲတက်လာသူကတော့ အနောက်တိုင်းဝတ်စုံနဲ့ နေမင်းပဲဖြစ်ပါတယ်။
ဒီနှစ်ရဲ့ အကယ်ဒမီပွဲတက် ဖက်ရှင်မှာဆိုရင် အမျိုးသမီးတွေက အရောင်ဖျော့ကို အဓိကထား ဆင်မြန်းခဲ့ကြပြီး အရင်နှစ်တွေနဲ့မတူဘဲ တော်ရုံ မတွဲစပ်ဖြစ်တဲ့ အရောင်ဆန်းလေးတွေကို တွဲစပ်ဝတ်ဆင်လာကြတာ တွေ့လာရပါတယ်။ အမျိုးသားများကတော့ အနက်ရောင်ကို အဓိကထား ၀တ်ဆင်ပြီး အရင်နှစ်တွေက ဖက်ရှင်တွေနဲ့ သိပ်မထူးခြားတာကို တွေ့နိုင်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews