Saturday, December 28, 2013

နှလုံးသားအရည်အသွေး

   နှလုံးသားအရည်အသွေး ( Emotional Quotient )
ကမ္ဘာပေါ်တွင် ထိပ်တန်းကုမ္ပဏီကြီး ( ၅၀၀ ) ကို ဦးဆောင်နေသော C E O ခေါ် အမူ့ဆောင်အရာရှိချူပ်များကိုလေ့လာသောအခါ ၂၅% မျှလောက်ကသာလျင် ကျောင်းနေစဉ်ကာလ၌ ပညာထူးချွန်သူများဖြစ်ကြပြီး၊ ၇၅% မှာ ပျမ်းမျှအဆင့်သာရှိသူများဖြစ်ကြပါသည်။ ပညာရေးတွင် ပျမ်းမျှအဆင့်သာရှိသော်လည်းမည်သည့်အရည်အချင်းကြောင့် အမူ့ဆောင်အရာရှိချူ ပ်ဖြစ်လာရသည်ကိုလေ့လာသောအခါ၊ ၎င်းတို့သည် ( E Q ) ခေါ် နှလုံးသားအရည်အသွေး ကောင်းသူများဖြစ်သည်ကိုတွေ့ရသည်။ပညာရေးကောင်းရန်မှာ ညဏ်အရည်အသွေးပေါ်မူတည်ပြီး၊
ညဏ်အရည်အသွေးမှာမိဘနှစ်ပါး၏မျိုးရိုးဗီဇပေါ်တွင်မူတည်ပါသည်။နှလုံးသားအရည်အသွေးကောင်းရန်မှာ မိမိ၏မျိုးရိုးဗီဇနှင့်မသက်ဆိုင်ပါ။ နှလုံးသားအရည်အသွေးကောင်းရန်မိမိ၏ရွေးချယ်မူဖြစ်ပါသည်။ကျောင်းတုန်းပညာမထူးချွန်ခဲ့လျင်၊စိတ်ပျက်အားငယ်စရာမလိုပါ။နှလုံးသား
အရည်အသွေးကောင်းလျင်အောင်မြင်မူကိုရရှိနိုင်ပါသည်။နှလုံးသားအရည်အသွေးအားနည်းသူကလည်း မိမိကိုယ်ကို မိမိကြိုးစားပြုပြင်လျင်၊
နှလုံးသားအရည်အသွေးကောင်းလာမည်ဖြစ်ပါသည်။နှလုံးသားအရည်အသွေးကောင်းသူများကိုလူအများကချစ်ခင်ကြပြီး၊အောင်မြင်မူကိုရရန်လွယ်ကူပါသည်။သို့ဖြစ်ပါ၍ နှလုံးသားအရည်အသွေးကောင်းရန်မိမိကိုယ်ကိုမိမိလေ့ကျင့်ပျိုးထောင်ရမည့်အချက်လေးချက်ကိုဖေါ်ပြလိုက်ပါသည်။
၁ ။ မိမိကိုယ်ကိုမိမိသတိရှိခြင်း ( Self Awareness )
မိမိ၏အားသာချက်၊အားနည်းချက်များကိုသိရပါမည်။
မိမိကိုယ်ကိုမိမိယုံကြည်မူရှိရပ
ါမည်။
ဒေါသဖြစ်နေသည့်အခါအပြောအဆိုဆင်ြ
ခင်ရပါမည်။
စိတ်လိုက်မာန်ပါပြောဆိုခြင်းမျာ
းကိုရှောင်ရပါမည်။
ပြောင်းလဲခြင်းများကိုလက်ခံနိုင
်ရပါမည်။
၂။ မိမိကိုယ်ကိုမိမိထိန်းကျောင်းခြင်း ( Self Management )
ကိုယ်ချင်းစာစိတ်မွေးမြူပါ။
ကိုယ်ကျင့်တရားကောင်းအောင်ထိန်း
ပါ။
အပြုသဘောစိတ်ဓါတ်ထားပါ။
ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေ
ပြုမူပြောဆိုနေထိုင်ပါ။
၃ ။ ပတ်ဝန်းကျင်ကို သတိရှိခြင်း ( Social Awareness )
လူများ၏သဘောသဘာဝကိုနားလည်ချြင်း
လူအများနှင့်ပြောဆိုဆက်ဆံရေးပြေ
ပြစ်ခြင်း
အကင်းပါးခြင်း
ဘယ်သူ့ကိုဘာပြောရမည်ကိုနားလည်ခြ
င်း
၎ ။ လူအများနှင့်ပေါင်းသင်းဆက်ဆံရေး ( Relationship Management )
ဝိရောဓိများကိုဖြေရှင်းနိုင်ခြင်း
လူအများကိုစည်းရုံးနိုင်ခြင်း
လူအများကိုစည်းရုံးနိုင်ခြင်း
အဖွဲ့အစည်းနှင့်ဆောင်ရွက်တတ်ခြင
်း …….
မေတ္တာရည်လျက် 

..ခင်မိုးညို

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews