နီတိကျမ်းတွင် ဆရာဟူသည်
-တပည့်ကို အကျိုးသင့်အကြာင်းသင့် ဆုံးမတတ်သူ။
-တပည့်ကြီးပွားတိုးတတ်ရေး နည်းလမ်းကို
အမြဲကြံဆောင် ညွှန်ပြတတ်သူ။
-မည်သည့်အခါမှ တပည့်များ ပျက်စီးစေရန်
အကျိုးဆုတ်ယုတ်စေရန် ညွှန်ပြလေ့ မရှိသူ။
-တပည့်အကျိုး စီးပွားကိုသာ အလိုရှိသူ။
-တပည့်များအား အသိပညာ၊ အတတ်ပညာ
သင်ပေးသည်။
-အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောက်ရှောက်
တတ်ရန် လမ်းညွှန်ပဲ့ကိုင်ပေးတတ်သူ။
-လိမ္မာယဉ်ကျေးသိမ့်မွေ့စေရန် ဆုံးမပေးသူ။
-လမ်းကောင်းလမ်းမှန်သို့ ဦးတည်ပေးသူ။
-နိုင်ငံသားကောင်း အသိစိတ်ဓာတ် ပြည့်ဝစေရန်
အတွေးအခေါ် မှန်ကန်စေရန် နည်းလမ်းပြသ ပေးသူ။
-နိုမ့်ရာမပို့ မြင့်ရာသို့ ပို့ဆောင်ပေးတတ်သူ။
-တပည့်များ ကောင်းစားရေး တိုးတတ်ဖြစ်ထွန်းရေး
အတွက် ထကြွနိုးကြား သနာ,သည်းခံဝေဖန်
ထောက်ရူမူဖြင့် ရေအဟုန်နှင့်တူသော မေတ္တာ
ကရုဏာကို ရင်နှင့်အမျှပွားပြီး ပြုစုပျိုးထောင်
ပေးလေ့ရှိသူ။
-စည်းကမ်းဖြင့်အလှဆင်သူ။
-ပညာဖြင့်ထယ်ဝါအောင် ဂုဏ်ကျက်သရေ
အဆင့်ဆင့်တင်ပေးသူ။
-အတိမ်းမစောင်း ထိန်းကျောင်းပေးသူ။
-မဆုတ်မရပ် မချော်ရအောင် အချိန်မီပြီးစီး
အောင် ပန်းတိုင်မရောက်မချင်း တွန်းပေးသူ။
-လမ်းမမှားရအောင် ညွှန်ကြားပေးသူ။
-မေတ္တာတရားဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ
မိသားစု စိတ်ဓာတ်ထားကာ အတူလက်တွဲ
နေထိုင်နိုင်ရေးအတွက် ဦးဆောင်ပေးသူ။
-အဆင့်မမီသော တပည့်များ အခက်အခဲ
ကြုံနေရသူ တပည့်များကို ဂရုဏာဖြင့်
ကြင်နာသနား စာနာစိတ်ထားကာဖေးမကူညီ
စောက်ရှောက်ပေးသူ။
-တကယ်ကြိုးစား၍ တကယ်တော်သူ
ကောင်းသူများကို လက်မနှေးဘဲ မုဒိတာဖြင့်
ဝမ်းမြှောက်ဝမ်းသာ ဂုဏ်တင်ချီမြှောက်ပေးသူ။
-မတော်မကောင်းတိမ်းစောင်းသွားသူ အပြစ်
ရှိသူများကို စိတ်ဆိုးမူ ပူလောင်မုန်းတီးမူ
မပါဝင်စေဘဲ ဥပေက္ခာဖြင့် အေးမြစွာ ဆုံးမသူ။
0 comments:
Post a Comment