ဆရာဆိုတာ အသပြာမကြည့်
စေတနာရှိ တပည့်အပေါင်း
မေတ္တာလောင်း၊ဥယဉ်မူးကောင်း မြတ်ဆရာ
ဆရာသည်ကား
အမှားမသင် အမှန်ပြင်
ဆင်ခြင်စွမ်းအား အသိတရား
သင်ကြားပြသ ဆုံးမသူ
ဆရာဟူသည်
တည်ကြည်စွမ်းအင် ပညာအသိ
သမာဓိ သိက္ခာလည်းရှိ
ဖြောင့်မတ်ဘိ
ဆရာကြောင့်သာ
ဝေဆာပန်းသွင် ကြယ်စင်ပွင့်ဖူး
ဂုဏ်ထူးအောင်ပန်း၊ဆင်မြန်းပိုင်ပိုင်
ပွဲတိုင်းနိုင်
ဆရာ့ကျေးဇူးမြင့်မိုရ်ဦးကို
ရိုသေလေးစား ဂါရ၀ထား၍
နေ့များစဉ်ဆက် မပျက်တိုင်းသာ
လက်ဆယ်ဖြာမိုး ရှိခိုးမာန်လျော့
ကန်တော့ဦးခိုက် ပူဇော်ထိုက်စွ
အနန္တဂိုဏ်ဝင် ကျေးဇူးရှင်
0 comments:
Post a Comment