ဘ၀ခရီးသွား ချစ်သားသမီးတို့ ရင်ထဲကဆန္ဒတစ်ခုကို စာသားပြု၍ အမေ့မှာတမ်းပြုလိုက်ပါတယ်...
တစ်ပြည်တစ်ရွာမှာ အနေကြာနေတဲ့ သားသမီးတို့ရယ် ငွေမရရင်လည်းပြန်လာခဲ့ပါ အမေကြိုနေမယ်...
ငိုနေရတဲ့ ရက်မှလပြောင်း နှစ်တွေတောင်ကြာငြောင်းပါပေါ့ အမေ့စိတ်မပြောင်းဘဲချစ်နေဆဲပါ...
အနေဝေးနေပေမယ့် အမေပေးနေတဲ့ မေတ္တာဓါတ်တွေရကြလို့ သားတို့သမီးတို့ ကျန်းမာကြပါစေ...
အမေ့မေတ္တာနားလည်တဲ့ တစ်နေ့ကျရင် သားတို့သမီးတို့ အမေ့နေရာမှာ တစ်နေ့နောင်တတွေမရကြပါစေနဲ့
နောက်ဆုံးအနေနဲ့ သားတို့သမီးတို့ကို ပြောလိုက်ချင်တာက သားတို့သမီးတို့အပေါ်ကို အရင်းအနှီး
ပေး၍ ဘယ်သောအခါမှ အမြတ်မယူဘဲ အတိုးချ၍ ချစ်နေအုံးမှာပါ သားတို့သမီးတို့ရဲ့ ချစ်မေမေ....
သားတို့သမီးတို့ရဲ့ အနွေးထွေးဆုံး အလုံခြုံဆုံးနေရာဟာ ဖေဖေမေမေတို့ရဲ့ ရင်ခွင်ပါကွယ်...
ဆိုးမွေတွေဖယ်ရှား ကောင်းမွေတွေကို လက်ကိုင်ထားပြီး ဘ၀ခရီးကို လျှောက်လှမ်းမယ်ဆိုရင်
သားတို့သမီးတို့ လိုချင်နေတဲ့ ပန်းတိုင်ကိုရမှာမလွဲပါဘူးကွယ်.....
သားတို့သမီးတို့ငယ်ငယ် ဥမမယ်စာမရောက် အရွယ်လောက်ကတော့ရှေ့တန်းတစ်နေရာက
မားမားမတ်မတ်ရပ်ရင်းနဲ့ ရပ်တည်နေထိုင်ပေးခဲ့ပါတယ်။ အိုမင်းရင့်ရော်လာတဲ့ မိဘနှစ်ပါးကို
ယူကြုံးမရ အပူလုံးကြွမယ့် အမွေတွေမပေးပါနဲ့သားတို့သမီးတို့ရယ်...
အချိန်တန်လို့မှ အိမ်ပြန်ရောက်မလာသေးတဲ့ သားတို့သမီးတို့ ပြန်လာမယ့်ရက်တွေကို
လက်ချိုးရေကာတွက်နေရင်းနဲ့ လိုက်မခေါ်နှိင်ပေမယ့် စောင့်မျှော်ကာနေရအုံးမယ်ပေါ့
နားလည်ပေးနှိင်တဲ့တစ်နေ့တော့ အရောက်သာမြန်မြန်လှမ်းလာခဲ့ပါ
ငွေမပါရင်နေပါစေတော့...လွမ်းလွန်းလို့လေး.....
0 comments:
Post a Comment