ဒုသနသော၊ လောကပြော၊ သဘောဘယ်သို့ သံဝေပွါး
ဒု=မကောင်းသက်မွေး၊ လှူမပေး၊ နောင်ရေးမပြုခဲ့တကား
သ=ခြောက်သောင်းနှစ်ကြာ၊ ငရဲမှာ၊ ဘယ်ခါလွတ်လိမ့်မည်တကား
န=မရှိအဆုံး၊ ဘယ်မှာဆုံး၊ အဆုံးမထင်- မှားခဲ့တကား
သော=ထိုငါလူဘ၀၊ ပြန်၍ရ၊ သီလဉာဏ်ယှဉ် ကောင်းမူပွါး
ငရဲရောက်မှ၊ မိုက်နောင်တ၊ ရကြထိုသူများ
နောင်တရမှ၊ လူဘ၀၊တမ်းတ ပူပန်များ
အကောင်း မမြင်၊ အဆိုးမြင်၊ ကန်းပင်+ အန္ဓများ
အကောင်းမယူ၊အဆိုးယူ၊ မိုက်သူ+ ဗာလများ
အလင်းမကြိုက်၊ အမှောင်ကြိုက်၊ ကန်းမိုက်+ မှားသူများ
အနှစ် မရ၊ အပြစ်ရ၊ အန္ဓ+ ဗာလများ။
ကိုယ်ကကြိုတင်၊ ယခုပင်၊ ပြုပြင် ကျင့်ကြံပွား
ပစ္စည်းဥစ္စာ၊ အနှစ်ရှာ၊ ပြုပါ+ ဒါနများ
ကိုယ်နုတ်အင်္ဂါ၊ အနှစ်ရှာ၊ စောင့်ပါ+သီလများ
စိတ်+ အသက်မှာ၊ အနှစ်ရှာ၊ ဘာဝနာကိုပွား
သာသနာမှာ၊ အနှစ်ရှာ၊ လွတ်ရာ ငြိမ်းရာများ
လှူကာ+ စောင့်ကာ၊ ပွားများကာ၊ ငြိမ်းရာ နိဗ္ဗာန်သွား
သာသနာ အနှစ်၊ ဘ၀နှစ်၊ အနှစ်ရအောင်ပွား
လသာတုန်းမှာ၊ ဗိုင်းငင်ပါ၊ ရှေးခါ ပုံစကား
ဘုရားရိပ်မှာ၊ နိဗ္ဗာန်ရှာ၊ ခုခါ+ အခွင့်များ။
0 comments:
Post a Comment