ငါတို့အမြဲတူတူ သွားကျတဲ့
တောင်ရိုးတန်းလေးနဲ့
ရှခင်းသာဗျူးပွိုင့်လေးမှာ
တစ်ယောက်ကို တစ်ယောက်စလိုက်နောက်လိုက်
ပျော်ရွင်ကြည်နူးခဲ့ကျတယ်
လမ်းမထိပ်က ပိတောက်ပင်အိုကြီးကတော့
ဒီအချိန်လောက်ဆို
လွမ်းမောစရာ တနင့်တပိုးနဲ့
သင်္ကြန်မိုး လေးကို မျှော်နေလောက်ပြီး
နွေ.....ရဲ့သင်္ကေတဖြစ်တဲ့
ဥသြလေးတွေကလည်း
အလွမ်း သီချင်းလေးတွေကို ကျူးရင့်နေရဲ့
ငါလည်းပဲ ကုန်လွန်ခဲ့တဲ့
တစ်ချိန်က ပျော်ရွင်စရာ နေ့ရက်လေးတွေကို
လွမ်းမောနေမိတယ်
နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာရောက်လို့နေလည်း
မွေးရပ်မြေကို မျှော်ရည်မှန်းဆကာ
ငါတို့သူငယ်ချင်းတွေ
ဘယ်တော့များမှ အတူတူပြန်ဆုံကြမလဲ
သတိရမိတယ်
မိုးတွေအရမ်းရွာနေတဲ့
အတိတ်က ပိတောက်တွေ
ဖူးပွင့်နေတဲ့ သင်္ကြန်နေ့ရက်လေးဆီ......
...................................အသည်းလေး


8:22 AM

Posted in:
0 comments:
Post a Comment