Saturday, August 3, 2013

အကြွေပန်းမျက်ရည်

လောကတစ်ခုလုံး သူ့အတွက် ဖန်ဆင်းပေးခဲ့ချင်တာပါ
အတိတ်တွေ ဆွဲဆွဲထုတ်ပြီး ငြိုညင်ပြမှတော့
တန်ဖိုးတွေ.. တိုးလျှိုး
မှိန်ဖျော့.. သွားတယ်...

ကိုယ့်ဘဝ တစ်ခုလုံးလို...
ကိုယ့် အနာဂါတ်လို...
ကိုယ့် အရာရာအားလုံးလို..
နောက်.. မွှေးပျံ့နူးညံ့တဲ့ ပန်းတစ်ပွင့်လို
ကိုယ့်ရင်ခုန်သံရဲ့ ရှင်သန်ရာလို...
သိမ်မွေ့စွာ စီးဆင်းတယ်ခဲ့တယ်
ကွေ့ကောက်တဲ့ လမ်းတွေနဲ့အတူ

 လျှို့ဝှက်စွာ စီးဆင်းတတ်ခဲ့
ဒီလိုနဲ့....
ငါလေ နှုတ်ဆိတ်တတ်လာခဲ့မိတယ်


သူ... တွန့်ဆုတ်တွေဝေခဲ့ပြီ
နောက်.. သူ့အချစ်တွေ အရင်လို မဝေဆာတော့ဘူး
ငါ လျှို့ဝှက်ခဲ့တာ လိမ်ညာတာမှ မဟုတ်ခဲ့ပဲလေ...

ဒီလို အားနည်းချက်တွေနဲ့သူဆိုတာ ဖွင့်ဟခဲ့ပြီးသားပါကွယ်
ဟန်မဆောင်တတ်တော့...
ငိုချင်ရက် ပြုံးဖို့ခက်ခဲ့တယ်....

လွဲတတ်တဲ့ငါ့ကို.. သူကတောင်
ဟားတိုက်လှောင်ပြောင်
(တစ်ခါတစ်ခါ)..
လူ့အန္ဒကောင် ဖြစ်လို ဖြစ်ခဲ့....

မထူးဆန်းတော့ပါဘူး...
မခူးခြွေရက်တဲ့ပန်းတစ်ပွင့် အဖြစ်နဲ့သာ...

အများသူငါတွေထဲ...နင်လဲပျော်အောင်

 ငါ့အချစ်တွေကြွေပေးခဲ့တယ်.
နောက်ဆုံးတော့....

ဘယ်လို သက်သေသစ္စာတည်တည်
အကြွေပန်း မျက်ရည်

 ငါလွမ်းတတ်လို့နေပြီး
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews