Friday, August 30, 2013

မည်သည့်ဘာသာမဆို သိသင့်သော ပုစ္ဆာ ၁၄ချက်


သုဘလုလင်က ဗုဒ္ဓထံသွားကာ မည်သည့် ဘာသာဝင်မဆို အလွန် သိချင်ကြသည့် သိလည်း သိသင့်သည့် ပုစ္ဆာ (၁၄)ချက်ကို မေးမြန်းခဲ့သည် ...

သုဘလုလင် ၏ အမေး နှင့် ဗုဒ္ဓ ၏ အဖြေတို့ကို ဖော်ပြပေးအံ့ -


မေး(၁) - လူသားချင်းတူပါလျက် တစ်ချို့ကအသက်တိုပြီး တစ်ချို့က အသက်ရှည်ကြသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၁) - ဘုရား၇ှင်မှန်သမျှသည် ကရုဏာတရားရှိသူများသာ ဖြစ်ကြ၏။

သတ္တ၀ါတို့သည် မိမိတို့ကိုယ်ကိုယ်မိမိတို့ဖန်ဆင်း ကြခြင်း ဖြစ်၏။ ထိုဖန်ဆင်းသူကား ကံပင်ဖြစ် ၏။ စေတနာကို ကံ ဟုခေါ်၏။ ထို့ကြောင့် စေတနာကောင်းလျှင် ကံကောင်းမည်။စေတနာဆိုး လျှင် ကံဆိုး မည် ဟု ဆိုကြခြင်းဖြစ်၏။

အသက်တိုသောသူသည် သူတစ်ပါး၏အသက်ကို သတ်ဖြတ် ခဲ့သောကြောင့်ဖြစ်၏ ...။
အသက်ရှည်သောသူသည် သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင် ကြဉ်ခဲ့သောကြောင်ပင်ဖြစ်၏ ...။
သူတစ်ပါးအသက်ကို သတ်ခြင်းသည် စေတနာဆိုးဖြစ်၏။ထိုစေတနာဆိုး က ဖြစ်ရာဘ၀တွင် အသက်တိုအောင်ပြုလုပ်ခြင်းဖြစ်၏ ...။

သူတစ်ပါးအသက် ကို ရှည်စေလိုခြင်းသည် စေတနာကောင်းကြောင်းဖြစ်၏။ ထိုစေတနာကောင်းသည် ဖြစ်ရာဘ၀တွင် အသက်ရှည်အောင်ပြု လုပ်ပေးခြင်း ဖြစ်၏ ...။

မေး(၂) - လူသားချင်းတူပါလျက် တစ်ချို့အနာရောဂါပေါများပြီး တစ်ချို့က အနာရောဂါ ကင်းရှင်းကြသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၂) - သူတစ်ပါးကို နာကျင်အောင် ညှဉ်းဆဲခဲ့သူများသည် အနာရောဂါ များ၍ ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ခဲ့သူများသည် အနာရောဂါ ကင်းရှင်းသည် ...။

ဗုဒ္ဓဒေသနာအရ အသက်ရှည်ကျန်းမာလိုလျှင် သူတစ်ပါးအသက်ကို သတ်ခြင်း၊သူတစ်ပါးကို ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်၏ ...။
အကြောင်းသတ်တရားဟုခေါ်၏ ...။

အသက်တိုခြင်း၏ အကြောင်းတရား ရောဂါများဖြစ်ခြင်း၏ အကြောင်းတရား တို့ကို ပယ်သတ်လိုက်ခြင်းပင်ဖြစ်၏ ...။

မေး(၃) - လူသားချင်းတူပါလျက် တစ်ချို့က အရုပ်ဆိုး၍ တစ်ချို့က ရုပ်လှ ကြသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၃) - အမျက်ဒေါသကြီးခဲ့သူများ အရုပ်ဆိုး၍ ဒေါသကင်းပြီး မေတ္တာပွား သူများ ရုပ်ရည်ချောမောလှပသည်။

မေး(၄) - လူသားချင်းတူပါလျက် တစ်ချို့က အခြွေအရံပေါများပြီး တစ်ချို့ က အခြွေအရံမရှိဘဲ တစ်ယောက်တည်း အထီးကျန်နေရသည်မှာ အ ဘယ်ကြောင့်ပါနည်း ???

ဖြေ(၄) - မိမိထက် စည်းစိမ်ဥစ္စာ ရာထူး အာဏာသားသူများအပေါ် မနာလို ၀န်တို ဖြစ်ခဲ့သူများ အခြွေအရံနည်းပါးပြီး ကိုယ့်ထက်အစစ အရာရာသာသူ များ အပေါ် မုဒိတာဖြင့် ၀မ်းမြောက်ခဲ့သူများ အခြွေအရံပေါများသည်။

မေး(၅) - လူသားချင်းတူပါလျက် တစ်ချို့က ပစ္စည်းဥစ္စာပေါများချမ်းသာကြ သည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၅) - လှူဒါန်းပေးကမ်း စွန့်ကြဲခဲ့သူများ ပစ္စည်းဥစ္စာပေါများချမ်းသာ၍ မပြုခဲ့သူများ ဆင်းရဲမွဲတေသည်။

ချမ်းသာချင်စိတ်ရှိတာခြင်းလည်းတူ စီးပွားရှာတာခြင်းလည်းတူပါလျက် တစ်ချို့က အဆင်ပြေချမ်းသာပြီး တစ်ချို့က အဆင်မပြေ မချမ်းမသာကြခြင်း မှာ ဒါနရှိမှု/မရှိမှုတို့၏ ကွာခြင်းမှုကြောင့်ပင်ဖြစ်၏။

အဂုင်္တ္ထိရ်ပါဋ္ဌိတော်တွင် မိမိပြုခဲ့သည့် ဒါနစေတနာအလိုက် စီးပွားဖြစ်ထွန်း အမြတ်ကျန်ပုံကို ဗုဒ္ဓဟောကြားထားသည်မှာ တိကျသေချာလှ၏။

မေး(၆) - လူချင်းတူပါလျက် အမျိုးယုတ်ခြင်း၊အမျိုးမြတ်ခြင်းဟူ၍ ကွဲပြားရ သည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၆) - မာနကြီးပြီး ဂါရ၀၊နိဝါတကင်းသူ ဖြစ်ရာဘ၀ အမျိုးယုတ်၍ မာန ကင်းပြီး ဂါရ၀ နိဝါတရှိသူ အမျိုးမြတ်ဖြစ်သည်။

မေး(၇) - လူချင်းတူပါလျက် တစ်ချို့က ဥာဏ်ထိုင်းပြီး တစ်ချို့က ဥာဏ်ကောင်းသည်မှာ အဘယ်ကြောင့်ပါနည်း ???

ဖြေ(၇) - မိမိမသိတာကို မေးမြန်းတတ်သူများ ဖြစ်ရာဘ၀ ဥာဏ်ကောင်း၍ မမေးမြန်းသူများ ဥာဏ်ထိုင်းသည်။

ဤအမေးအဖြေများကို သဘာဝကျကျ ရှင်းပြ ပြောပြကာ မိမိနှင့်သက်ဆိုင်သူ များကို ဗုဒ္ဓဘာသာအဖြစ်သို့ပါအောင် သမာသမတ်ကျစွာ ဆွဲဆောင်နိုင်ကြ ပါစေ ........................


**ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်-ရွေပြည်သာ) ၏ တကယ်ဗုဒ္ဓ ဘာသာ နှင့် သစ္စာလေးပါးတရားတော် စာအုပ်မှ ကောက်နုတ်ဖော်ပြ ပါသည်။***

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~နှလုံးသား၏ ဓမ္မသံစဉ်

                                                                                              လေးစားစွာဖြင့်    ....    မောင်မြင့်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews