ဇမ္မူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းပြာ စေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိတယ်
မနေမရာ ပဟေဋိတွေကြောင့်
အသေအချာ အမေမသိတောင့်မှ
အမေရှိတယ်။
ချစ်သဒ္စါဝေတဲ့
ပြည့်တန်းဆာ အမေလည်းအမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်းအမေ။
အကြောင်းတရား အခြေဖွဲ့
သူတောင်းစား အမေလည်းအမေ။
သားသမီးတွေ ကြီးထွားစေရာလို့
စီးကွားအထွေထွေ
စိန်ရွှေပတ္တမြား အိမိမြေအညးနဲ့
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးတဲ့
အရိုးဟင်းတစ်တုံးစီဝေ
ထမင်းရည်အတူသောက်
ဗိုက်ဟောင်းတော့အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာများလည်းမရှိလို့
ခြင်ကိုက်သွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကိုမှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေရွှေအိုး
ရိုးစားမှု ဂုဏ်သိက္ခာ
မေတ္တအကြင်နာမှတစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေဟာအမေပဲလေ။
အပူလှိုင်းပြာ စေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိတယ်
မနေမရာ ပဟေဋိတွေကြောင့်
အသေအချာ အမေမသိတောင့်မှ
အမေရှိတယ်။
ချစ်သဒ္စါဝေတဲ့
ပြည့်တန်းဆာ အမေလည်းအမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်းအမေ။
အကြောင်းတရား အခြေဖွဲ့
သူတောင်းစား အမေလည်းအမေ။
သားသမီးတွေ ကြီးထွားစေရာလို့
စီးကွားအထွေထွေ
စိန်ရွှေပတ္တမြား အိမိမြေအညးနဲ့
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးတဲ့
အရိုးဟင်းတစ်တုံးစီဝေ
ထမင်းရည်အတူသောက်
ဗိုက်ဟောင်းတော့အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာများလည်းမရှိလို့
ခြင်ကိုက်သွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကိုမှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေရွှေအိုး
ရိုးစားမှု ဂုဏ်သိက္ခာ
မေတ္တအကြင်နာမှတစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေဟာအမေပဲလေ။
0 comments:
Post a Comment