Wednesday, October 9, 2013

ခြေရာပြန်ဖျက်ပေးလှည့်ပါ

သခင် သခင် ခေါ်လိုက်စဉ်က
လှည့်ပင်မကြည့် ထွက်သွား၏
သခင် သခင် စောင့်စေချင်၏
သခင်၏နား သိပ်မကြားထင်
တစ်အားဟစ်အော် နောက်ဆုံးခေါ်မှ
ကြည့်ဖေါ်ရခဲ့ နောက်သို့ လှည့်၏။
သို့ရာ သို့စေ
ခေါ်နေသူမှာ ရှက်စိတ်ဖြာ၍
နီးရာသစ်ပင် ပုန်းခိုဝင်သော်
သခင် မမြင်လိုက်နှိင်ချေ။

ခေါ်သူမသိ မမြင်မိ၍
ချစ်သည့်သခင် ခြေလှမ်းပြင်သော်
မြင်ရသူမှာ မနေသာ၍ု
ခေါ်ပါတောမယ် စိတ်ကြံရွယ်မှ
ရှေ့မယ်အသင့် စောက်ကြိုလင့်သူ
သခင့် အတွက် ရှိနှင့်ပြီး။

ဦးနှင့်သူက ရှိနေမှတော့
နောက်ကစိုက်စိုက် မလိုက်သင့်ပါ
ဆွေးစိတ်ဖြာ၍ နာကြင်ကြေကွဲ
ကြွေအသဲနှင့် အံ့ခဲ၍သာ ပြန်ရမှာ
လာရာလမ်းမှန် လှဲ့မပြန်မီ
ကံကြမ္မာမွဲ အုံပုန်းစွဲ၍
သဲထဲကျန်ရစ် ခြေရာသစ်ကို
ချစ်သက်ကိုယ်စား တန်ဖိုးထား၍
ပါးနှင့်အပ်ကာ စောင့်ကြည့်ကာဖြင့်
ရင်နာနေရပါပြီး  သခင်.....

ခြေရာလေးကြောင့် အသဲးထောင့်မှာ
စိုးနှောင်ဗျာဝေ ဖြေမပြေမို့
ခြေရာပြန်ဖျက် ပေးလှည့်ပါ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews