Wednesday, October 16, 2013

ခေါင်းကိုက်ရောဂါ ကုသနည်း(၇)မျိုး

လုပ်ငန်းအပြီးသတ်ဖို့ နောက်ဆုံးရက် တွေ၊ ငြင်းရခုန်ရတာတွေ၊ ယာဉ်ကြော ပိတ်ဆို့တာတွေ
အားလုံးကခေါင်းကိုက်စေမယ့် အကြောင်းရင်းတွေ ဖြစ်ပါတယ်။
သင့်မှာ ကောင်းမွန်တဲ့ ကိစ္စတွေရှိရင်တောင် ခေါင်းထဲမှာ
နာကျင်မှုတစ်ခုကို ဖြစ်ပေါ်စေ နိုင်ပါတယ်
လို့ Mayo Clinic ရဲ့ Website မှာ ဖော်ပြထားပါတယ်။
အများစုသိကြတဲ့ ဦးနှောက် အေးခဲခြင်းဆိုတဲ့ ရေခဲမုန့်ကြောင့် ခေါင်းကိုက်ခြင်း ကလည်း
ဒီလို ခေါင်းကိုက်ခြင်း အမျိုးအစား တစ်ခုဖြစ်ပါတယ်။
ယေဘူယျ ပြောရမယ်ဆိုရင်တော့ ခေါင်းကိုက်ခြင်း ဆိုတာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်း ဆိုင်ရာ
ဖိစီးမှုတစ်ခုခုကြောင့်ဖြစ်ပေါ်တဲ့သင့် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု တစ်ခု ဖြစ်ပါတယ်။
ထို ဖိစီးမှုက ဦးခေါင်းနှင့်လည်ပင်း ကြွက်သားများကို ကျုံ့သွားစေပြီး စိတ်ပင်ပန်းမှု ဆိုင်ရာ ခေါင်းကိုက် ခြင်းများကို ဖြစ်ပေါ်လာစေပါတယ်။ ဒါမှမဟုတ်ရင်လည်း သွေးကြောများကို
တင်းကျပ်စေပြီး၊ခဏ ကြာမှ ပြန်ဆန့်သွားကာ ခေါင်းတစ်ခြမ်း ကိုက်ခြင်း သို့မဟုတ်
သွေးကြော ဆိုင်ရာ ခေါင်းကိုက်ခြင်း များကိုဖြစ်ပေါ်စေပြန်ပါတယ်။ ထို့ပြင် နှာခေါင်းပေါက်နှင့်
ဆက်သွယ်ထားသော ဦးခေါင်းခွံအတွင်း လေလမ်းကြောင်း (sinus) ဟာ ပိတ်ဆို့နေတယ် ဒါမှမဟုတ်
ပိုးဝင်နေတယ်ဆိုရင် တစ်ဒိန်းဒိန်းနဲ့ ထိုးကိုက်တတ်တဲ့ ခေါင်းကိုက်ခြင်းဝေဒနာကို
ခံစားရနိုင်ဖွယ်ရှိပါတယ်။

ခေါင်းကိုက်ခြင်းကြောင့် မသက်မသာ ဖြစ်နိုင်ပေမယ့် ခေါင်းကိုက်ခြင်း အများစုဟာ ခေတ္တခဏသာ ဖြစ်ပြီး၊ မီးဖိုဆောင်ကရနိုင်တဲ့ ကုသနည်းများကို ကိုယ်တိုင် ပြုလုပ်ရင်း ကောင်းမွန်စွာ တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။

၁။ ဦးခေါင်းကို ပွတ်လိမ်းပေးဖို့အတွက် စမုန်ဖြူနှင့် rosemary အဆီများ

ခေါင်းကိုက် ဝေဒနာ ကနေ သက်သာနိုင်ဖို့ စမုန်ဖြူ သို့မဟုတ် rosemary ရနံ့အဆီ တစ်စက်၊ နှစ်စက်ခန့်ကို နားထင် နှစ်ဖက်နဲ့ နဖူးကို ညင်သာစွာ တို့သုတ်ပေးပါ။ အသားထဲ ၀င်သွားအောင် ပွတ်လိမ်းပြီးရင်တော့ မိနစ်အနည်းငယ် ခေတ္တ ငြိမ်ငြိမ်လေး ထိုင်နေပေးပါ။ ၂၀၁၀ ခုနှစ်က လေ့လာ တွေ့ရှိချက်တစ်ခုအရ သုတေသီများက စမုန်ဖြူ နှင့် rosemary ရနံ့အဆီများတွင် Carvacrol ခေါ် COX-II ဓာတ်ပြုသည့်ဖြစ်စဉ်ကို ဟန့်တားသော ပစ္စည်းပါဝင်ပြီး၊ ယင်း ပစ္စည်း သည် Ibuprofen ကဲ့သို့ Steroid မပါဝင်သည့် အရောင် ကျစေသော ဆေးဝါးများနှင့် ဆင်တူသည် ဟု ဆိုထားပါတယ်။

၂။ ချင်းတက် လက်ဖက်ရည်

ချင်းတက်သည် Prostaglandin ထုတ်လွှတ်ခြင်းကို တားဆီးခြင်းဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်းကို သက်သာစေ နိုင်ပါ တယ်။ နောက်ထပ် ဘာတွေ ထူးခြားသေးသလဲဆိုတော့ ချင်းတက်သည် ခေါင်းတစ်ခြမ်း ကိုက်ခြင်းနှင့်အတူ ခံစားရတတ်သည့် မအီမသာဖြစ်ခြင်းကို ဖြေဖျောက် ပေးနိုင်စွမ်း ရှိပါတယ်။ ရေ (၂) ခွက်ထဲကို ၂၅ ဆင့်အရွယ် ချင်းတက်ဖတ် ၃ခုထည့်ပြီး၊ အဖုံးအုပ်ကာ မိနစ်၃၀ခန့် မီးအေးအေးနှင့် လက်ဖက်ရည် ကြို၍ သောက်သုံးကြည့်ပါ။

၃။ Chamomile ပန်း (အဖြုနှင့်အ၀ါရောင်ဒေစီမျိုးစိတ်ပန်း) လက်ဖက်ရည်

သင့်ရဲ့ မအားမလပ်နိုင်သော အစီအစဉ်များကနေ ခေတ္တနားလိုက်ခြင်းကလည်း ခေါင်းကိုက်ခြင်း ဝေဒနာကို ဖြစ်စေတဲ့ စိတ်ပင်ပန်းများကို လျော့နည်းစေပါတယ်။ ဆူထားပြီးတဲ့ ရေတစ်ခွက်ထဲကို Chamomile ပန်း လက်ဖက်ခြောက်ထုတ်လေးကို ထည့်ပြီး နှပ်လိုက်ပါ။ နူးအိလာစေဖို့ ၁၀ မိနစ်ခန့် ဖုံးအုပ်ထားပါ။ အချိုကြိုက်ရင်တော့ ပျားရည် ထည့်နိုင်ပါတယ်။ တိတ်ဆိတ်တဲ့နေရာ မှာ ထိုင်ရင်း လက်ဖက်ရည်ပူပူလေးကို အချိန်ယူပြီး နည်းနည်းချင်း အရသာခံ သောက်သုံး သင့်ပါတယ်။

၎။ ခြေထောက်ကို ရေချိုးးဖို့အတွက် ပက်ပါမင့်နဲ့ လာဗင်ဒါ အဆီများ

အချို့ ဆေးကုသသူများက ခြေထောက်ကို ရေချိုးခြင်းက ခေါင်းကိုက်ဝေဒနာကို ကုစားပေးနိုင် တယ်လို့ ယုံကြည်ထားကြပါ တယ်။ ရေနွေးဟာ သွေးများကို ခြေထောက်ဆီ စုပ်ယူလိုက်ပြီး ဦးခေါင်းအတွင်းက သွေးကြောများရဲ့ဖိအားကို လျော့ကျစေပါတယ်။ ပက်ပါမင့်နဲ့ လာဗင်ဒါ ရနံ့ဆီ များကို နည်းနည်း ထည့်လိုက်မယ် ဆိုရင်တော့ အနံ့မွှေးမွှေးလေးက ချမ်းမြေ့စွာဖြင့် စိတ်သက်သာ ရာရစေမှာပါ။

၅။ မဂ္ဂနီဆီယမ်
ခေါင်းကိုက်ခြင်း ဝေဒနာနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်သူများက ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာရှင်များအနေဖြင့် ဤအရေးပါ လှသော သတ္တုဓာတ်ကို အိမ်က ဆေးသေတ္တာထဲမှာ အမြဲ ဆောင်ထားသင့်တယ် လို့ဆိုပါ တယ်။ ခေါင်းတစ်ခြမ်း ကိုက် ဝေဒနာရှင် များ ခေါင်းကိုက်နေချိန်မှာ သူတို့ရဲ့ ဦးခေါင်းထဲမှာ မဂ္ဂနီဆီယမ်ဓာတ်ပမာဏ နည်းနေတတ်ပြီး ၊ ယေဘူယျအားဖြင့်လည်း မဂ္ဂနီဆီယမ် ဓာတ် ချို.တဲ့နေတတ်ပါတယ်။ အာနိသင် အမှန်တကယ်မရှိသော စမ်းသပ်ဆေးဝါးများ (placebo)နှင့် ထိန်းချုပ်၊ ပြုလုပ် ခဲ့သော ဆေး ၀ါးကုသမှုဆိုင်ရာ လေ့လာမှု (၂)ခုတွင် မဂ္ဂနီဆီယမ် ဖြည့်စွက်ဓာတ်များ ကို သောက်သုံးခြင်း သည် ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးနိုင် ကြောင်း ဖော်ပြထားပါတယ်။ ကျွမ်းကျင်သူများက သင့်အိမ်နားမှ ဆေးဆိုင်တိုင်းမှာ ဆေးစာမဲ့ ၀ယ်ယူ နိုင်မယ့် မဂ္ဂနီဆီယမ် ဓာတ် များ၊ မဂ္ဂနီဆီယမ်အောက်ဆိုဒ်ဓာတ်များကို တစ်နေ့လျှင် ၄၀၀ မီလီဂရမ်ခန့် သောက်သုံးသင့်တယ်လို့ အကြံပြုထား ပါတယ်။ တစ်ခုသတိပြု ရမှာက တစ်ချို့ သော သူများအတွက် မဂ္ဂနီဆီယမ် က ၀မ်းလျှောခြင်းကို ဖြစ်ပွားစေနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

၆။ ဗီတာမင် ဘီ2

လေ့လာမှုတစ်ရပ်တွင် အာနိသင် အမှန်တကယ်မရှိသော ဆေးများဖြင့် အစမ်းသပ်ခံသူများက ၁၅ ရာခိုင်နှုန်းခန့် သာ ခေါင်း ကိုက် ဝေဒနာ သက်သာသော်လည်း၊ ဤ ရီလိုဖလေဗင်ခေါ် ဗီတာမင်ကို နေ့စဉ် ၄၀၀ မီလီဂရမ် နှုန်းဖြင့် သောက်သုံးသော ၅၉% သော အစမ်းသပ်ခံသူများ အနက် ၅၀ ရာခိုင်နှုန်း ခန့်အထိ သက်သာသွားခဲ့သည်။

၇။ Butterbur မှ ရသော အဆီအနှစ်များ
Butterbur ဆိုသည်မှာ ဟုခေါ်သော ရေစပ်နားတွင်ပေါက်သည့် အရွက်ဖားဖားအိအိနှင့် ခရမ်းဖျော့ ရောင်ပန်းပွင့်များပွင့် သည့် ဆေးဘက်ဝင်အပင်မျိုးဖြစ်သည်။ ခေါင်းတစ်ခြမ်းကိုက်သူများကို ကုသ ပေးနေသော သမားတော်များက အဆိုပါဝေဒနာရှင်များ အတွက် ဤအပင်သည် အလွန် အကျိုးရှိ သည်ဟု မကြာခဏ ဆိုသလို အကြံပြုလေ့ရှိ သည်။ ဆေးဆိုင် များမှာ ဆေးစာမဲ့ ၀ယ် ယူနိုင်တဲ့ Petadolex ခေါ် Butterbur အဆီအနှစ်နဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့သောလေ့လာမှုအနည်းဆုံး ၃ ခု ခန့် ပြုလုပ်ခဲ့ပြီး၊ ထို ဆေးဘက်ဝင်အပင်သည် အာနိသင်အမှန်တကယ် မရှိသော စမ်းသပ် ဆေး ၀ါးများနှင့် နှိုင်းယှဉ်ကြည့်ပါ က ခေါင်းတစ်ခြမ်း ကိုက်ခြင်း ကို သိသာစွာ လျော့ကျစေခဲ့သည်။ အကြံပြုထားတဲ့ ဆေးအညွှန်းကတော့ တစ်ရက်ကို နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ၇၅ မီလီဂရမ်နှုန်းဖြင့် တစ်လသောက်ရမှာ ဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ တစ်ရက်ကို နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ၅၀ မီလီဂရမ်နှုန်းသောက်ရ မှာဖြစ်ပါတယ်။

ခေါင်းကိုက်ရောဂါ ဝေဒနာရှင်များလည်း မိမိရဲ့ မီးဖိုဆောင်မှာပဲ အလွယ်တကူ ရရှိနိုင်မယ့် ဆေးဝါး များကို သောက်သုံးရင်း ကျန်းမာပျော်ရွှင်နိုင်ကြပါစေ…

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews