လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
ပြောတိုင်းမရ ဒေါမထနဲ့
ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
ကြံတိုင်းမမြောက် စိတ်မဖေါက်နဲ့
ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက ဘယ်မှာအနတ္တရှိမည်နည်း။
ဆင်းရဲကြုံမူ မငြီးငြူးနဲ့
ချမ်းသာချည်သာ ကြုံနေပါက ဘယ်မှာဒုက္ခရှိမည်နည်း။
ပျက်စီးတိုင်းလျှင်း မပူပင်နဲ့
မပျက်ဘဲသာခိုင်မြဲပါက ဘယ်မှာအနိစ္စရှိမည်နည်း။
အာရုံဟူသမျှ မတောင့်တနဲ့
အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာလောဘဆုံးမည်နည်း။
အရာရာမျိုး စိတ်မဆိုးနဲ့
အရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာဒေါသဆုံးမည်နည်း။
သာသနာတရား မေ့မထားနဲ့
ဆုံးမတိုင်းသာ ကျင့်ကြံပါကဘယ်မှာနိဗ္ဗာန် ဝေးမည်နည်း။
အားကိုးရာအစစ်ကား -ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ
မိတ်ဆွေစစ်ကား -ကံ ၊ ဥာဏ် ၊ ဝီရိယ
ရန်သူအစစ်ကား -လောဘ ၊ ဒေါသ ၊ မောဟ
နေ့စဉ် အလုပ်ကား -ဒါန ၊သီလ ၊ ဘာဝနာ
အမြဲနှလုံးသွင်းရန်ကား-အနိစ္စ ၊ဒုက္ခ ၊ အနုတ္တ
အမြဲလက်ကိုင်ထားရန်ကား- ခန္တီ ၊ မေတ္တာ ၊ သစ္စာ
0 comments:
Post a Comment