ဧရာမြစ်ကမ်း ငြိမ်းချမ်းဆိတ်ငြိမ်
အိမ်ကလေးတွေနဲ့ လွမ်းရခဲ့တာ ကျနော့်ရွာ
အဲဒီနေရာမှာ အင်တာနက်ဆိုတာမရှိ အွန်လိုင်းဆိုတာဝေး
ဖုန်းကလေးများကလိုင်းမမိ ဧရိယာ၏အပြင်ဘက်
စကိုင်းနက်ဆိုတာလည်းမသိ
ဒါပေမယ့်ရှိနေတာ ရိုးသားမှုများစွာနဲ့အတူ
လူတိုင်းကဖော်ရွေ ဆွေမျိုးတွေလိုနေခဲ့ကြ
ဆိပ်ကမ်းမှာသင်္ဘောမကပ် ပဲ့ထောင်သာရပ်ပေမယ့်
ခက်သဟဲ့လို့ဘယ်သူမှမတွေး
ဗရုတ်သုတ်ခမရှိ ပီဘိအေးချမ်း အဲဒီကမ်းကို
ပြန်ရောက်လိုလှပေမယ့် ရှုပ်ထွေးတဲ့မြို့ပြကမခွာနိုင်
ချုပ်ကိုင်မှုများစွာကြား အမေ့သားရယ်ဖြင့်လွမ်းလှပြီ ၊
0 comments:
Post a Comment