Wednesday, September 11, 2013

စိတ်ဖိစီးမှု ကင်းစေမည့် အစာ ၉ မျိုး


စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါ ခံစားရသူတွေ ပိုမိုစားသုံးသင့်တဲ့ အစားအစာတွေကို ရေးသားလိုက်ပါတယ်။

၁။ ဟင်းနုနယ်

ဟင်းနုနယ်မှာ ဖောလစ်အက်စစ်နဲ့ တခြား အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုဓာတ်တွေများစွာ ပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်တဲ့ စူပါအစားအစာ တစ်ခုအနေနဲ့ လူသိများကြပါတယ်။  


၂။ အစေ့အဆန်

အစေ့အဆန်တွေမှာ ဗီတာမင်ဘီ အုပ်စုဝင်နဲ့ ဗီတာမင်အီးတွေ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြင့်တက်စေပါတယ်။ သွေးဖိအားကို တိုက်ထုတ်နိုင်ပြီး မြေပဲနဲ့ ဗာဒံစေ့လိုမျိုးတွေမှာ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်တာကြောင့် ဖိစီးမှုကင်းစေဖို့ ကူညီနိုင်ပါတယ်။

၃။ ငါး

ငါးအမျိုးမျိုးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဖြစ်တဲ့ အိုမီဂါသရီး ပါဝင်ကာ စွမ်းအင်ပြည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ငါးအမျိုးမျိုးမှာ ပါဝင်တဲ့ ဗီတာမင်ဘီ ၁၂ က သင့်စိတ်အာရုံကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတစ်မျိုးကို ထွက်ရှိစေနိုင်ပါတယ်။  

၎။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ သဘာဝ အင်တီအောက်ဆီးဒင့်၊ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ ဓာတ်တွေနဲ့ သွေးဖိအားကို ထိန်းချုပ်ပေးနိုင်တဲ့ အစွမ်းတွေ ပါရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း အစာအဆိပ် ဖြစ်တာကိုလည်း ကုသပေးနိုင်ပါတယ်။  

၅။ ဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ဦးနှောက်ကို ကျန်းမာစေတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ ရက်စ်ဘယ်ရီသီးမှာတော့ ခန္ဓာကိုယ်တွင်းက ကိုလက်စထရော အဆင့်ကို ကျစေတဲ့ အာနိသင်ပါဝင်ပြီး စိတ်ကို ကြည်လင်စေတဲ့ အာနိသင်ရှိပါတယ်။

၆။ နို့

ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့ နို့ဟာ ခန္ဓာကိုယ်က အရိုးအဆစ်တွေအတွက် အထောက်အကူ ပြုသလိုပဲ ဗီတာမင် ဘီ ၁၂ နဲ့ စွမ်းအားပြည့် အင်တီအောက်စီးဒင့်တွေကြောင့် ဖိစီးမှုကင်းစေကာ ညဘက်မှာ နွားနို့တစ်ခွက် သောက်အိပ်တာကြောင့် နှစ်ခြိုက်စွာ အိပ်စက် အနားယူနိုင်ပါတယ်။

၇။ ချောကလက်

ချောကလက်ဟာ စိတ်ကို ပျော်ရွှင်လန်းဆန်းစေတဲ့ ဖြည့်စွက် အစားအစာတစ်မျိုးအဖြစ် လူသိများကြပါတယ်။ ချောကလက် စားတာကြောင့် ဦးနှောက်ကြည်လင်ကာ ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ ကဖင်းဓာတ်က သင့်ခန္ဓာကိုယ်တွင်း စွမ်းအင် ဖြစ်စေပါတယ်။ အနက်ရောင် ချောကလက် အနည်းငယ်ကို သရေစာအဖြစ်စားပါ။

၈။ ထောပတ်သီး

ထောပတ်သီးမှာ သွေးဖိအား မြင့်တက်တာကို ကာကွယ်နိုင်တဲ့ အာနိသင်နဲ့ ပိုတက်စီယမ်ဓာတ်တွေ မြင့်မားစွာ ပါဝင်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ အဆီနဲ့ ဗီတာမင်အီးက စိတ်ဖိစီးမှုအတွက် အကောင်းဆုံး ဖြည့်စွက်စာပဲ ဖြစ်ပါတယ်။

၉။ ကောက်နှံစာ

ပြောင်း၊ ဂျုံ စတာနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေက အမျှင်ဓာတ် ကြွယ်ဝပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေကာ ဖိစီးမှုလည်း ကင်းစေပါတယ်။

Tips- ဖိစီးမှု လျှော့ချပေးနိုင်မည့် နည်းလမ်းများ

ရယ်မောပျော်ရွှင်စွာနေပါ။ ကခုန်တာမျိုး၊ အေရိုးဗစ် ကစားတာလိုမျိုး၊ အပြေးပြိုင်တာလိုမျိုး အသင်းအဖွဲ့နဲ့ ကစားရတဲ့ အစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲပါ။ အလှပြင်ဆင်ပါ။ ဟာသရုပ်ရှင်ကြည်တာ၊ စာအုပ်ဖတ်တာနဲ့ ဟာသဉာဏ်ရွှင်တဲ့ သူငယ်ချင်းနဲ့ စကားပြောပါ။ စိတ်အေးချမ်းရာ နေရာတွေမှာ လမ်းလျှောက် အပန်းဖြေပါ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews