Tuesday, August 20, 2013

လောကဓံ လှိုင်း

♥ လောကဓံဆိုတာ
ပျားသကာလိုလည်း မချိုမြ၊
မွေ့ယာလိုလည်း မနူးညံ့။
ဆေးခါးကြီးရွက်လိုပဲ ခါးသီးတယ်၊
အိပ်မက်ဆိုးတစ်လိုပဲ ကြမ်းတယ်။

♥ အသက်ရှူရသလို လွယ်မှာလည်း မဟုတ်ရ၊
ဧ၀ရက်တောင် တက်သလိုပဲ ခက်တယ်။
ခြသေ့င်္လို တစ်ကောင်းတည်း လာမှာလည်း မဟုတ်၊
မြေခွေးလို အုပ်စုလိုက်လာမှာ။

♥ သူတော်စင်လို ပျော့ပြောင်းမှာလည်း မဟုတ်ရ၊
အသားစား ဘီလူးလိုပဲ တင်းမာတယ်။
အခွင့်ရေးလို တစ်ကြိမ်တည်း လာမှာလည်း မဟုတ်၊
လှိုင်းတွေလိုပဲ မျိုးစုံ လာမှာ။

♥ ချစ်သူလို အရှုံးပေးရမှာလည်း မဟုတ်ရ၊
ရန်သူလို ထိပ်တိုက် ရင်ဆိုင်ရမှာ။
တစ်ကြိမ်တည်းနဲ့  နိုင်မှာလည်း မဟုတ်၊
မြှားချက်တွေ ဆက်တိုက် ပစ်သွင်းရမှာ



အရှင်ဝိသုတ - ရေနီ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews