Friday, August 30, 2013

မွန်လူမျိုးတို့ သမိုင်းကြောင်း ၁

မွန်ခမာ အုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သောသမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည်
ယန်စီကျန်မြစ်ဝှမ်း (Yangtze Kiang) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်လာကြသည်။ မြန်မာနိုင်ငံအတွင်းသို့
အရင်ဆုံး ဆလုံ နှင့် မလေးတို့ ဝင်ရောက်လာပြီးနောက် မွန်၊ ပလောင်၊ ဝ အုပ်စုဝင် လူမျိုးများ ဝင်ရောက်လာကြသည်။
ထိုသူတို့မှာ ဆလုံမလေးအုပ်စုဝင်တို့ထံမှ ယဉ်ကျေးမှုအချက်အလက် များကို ယူဆောင်လာကြသည်။ သီးနှံအဖြစ် စပါး၊
နှံစား ပြောင်း၊ ပဲကြီး၊ ပဲလွန်း၊ ကြံ၊ ပိန်းဥ၊ မျောက်ဥ၊ ကျောက်ဖရုံနှင့် ဗူး စသောအသီးအနှံများ စိုက်ပျိုးပုံလက္ခဏာရှိခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်အခါမှပင်လျှင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်သော မွန်၊ ပလောင်၊ ဝ ရှေ့ပြေး
လူမျိုးတို့ စိုက်ပျိုးရေးကို လုပ်ကိုင်လာကြသည်။ ထို့နောက် တောင်ယာစိုက်ပျိုးမှုသာမက မြေပြန့်တွင်လည်း ထွန်ယက်
စိုက် ပျိုးလာကြသည်။ ရှေးအခါက စိုက်ပျိုးရေးလုပ်ကိုင်မှုကို အခြေပြု၍ ပေါ်ပေါက်ခဲ့သော ရွာတည်း ဟူသောအုပ်စုဝင်
များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၍ ရွာကြီးများ ဖြစ်လာ၏။ ၎င်းမှတဆင့် မြို့များ ၎င်းတို့ကို စုရုံးလျှက် နိုင်ငံငယ်များ
စတင်ပေါ် ပေါက်ခဲ့၏။ ၎င်းတို့မှာ လူမျိုးအလိုက် ခေါ်သော နိုင်ငံငယ်ကလေးများ ဖြစ်ကြ၏။
၎င်းတို့ဝတ်စားဆင်ယင်မှုမှာလည်း ကျောက်ခေတ်လူသားတို့၏ဝတ်စားဆင်ယင်မှုဖြစ်သော သစ်ရွက်၊ သစ်ခက်တို့ကို
ဝတ် ဆင်ခြင်းမရှိဘဲ လက်ပံပင်မှ ရရှိသော လဲ၊ မှို့ တို့ကို ပြုပြင်စီမံ၍ အဝတ်အထည် ယက်လုပ်ဝတ်ဆင်ကြသည့်
လက္ခဏာများ ရှိ ခဲ့သည်။ ၎င်းမှတဆင့် ထိုအဝတ်အထည်များကို မဲနယ်ဆိုး၍ ဝတ်တတ်လာကြသည်။ ဝါဂွမ်းကား
မပေါ်သေး။
ထို မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့သည် မိမိတို့ထက် အရင်ရောက်ရှိနေသော ဆလုံမလေးအနွယ်ဝင်တို့နှင့် မိမိတို
့မျိုးနွယ် တူရှေ့လူများကို တောင်ဘက်သို့၎င်း၊ လူအရောက်ပေါက်နည်းသော တောတောင်ဒေသသို့ ၎င်း၊ ရွှေ
့ပြောင်းနေထိုင်စေရန် ဖန်တီးခဲ့သည်။ မွန်တို့သည် တောင်ဘက် မြစ်ဝကျွန်းပေါ်ဒေသ
ဝနှင့်ပလောင်အုပ်စုတို့သည် မြောက်ဘက် တောင်များပေါ် တွင် ပြောင်းရွှေ့နေထိုင်ရင်း မွန်၊ ပလောင်၊ ဝ အုပ်စု
တို့သည် သီးခြားလူမျိုးများ ဖြစ်လာသည်။ ထိုစဉ်ကာလ မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံး
ကိုပင် လွှမ်းမိုးခဲ့ကြသည်ဟု ယူဆစရာရှိသည်။
(မှတ်ချက်- မွန်၊ ပလောင်၊ ဝ ရှေ့ပြေးလူမျိုးများဆိုရာ၌ မွန်၊ ပလောင်၊ ဝ တို့ထက် စောစွာရောက်ရှိ၍ ၎င်းတို့နှင့်
မျိုးနွယ်တူ များဖြစ်ကြသည်။ အမျိုးချင်းတူသော်လည်း ယဉ်ကျေးမှုအဆင့်အတန်းတွင် ကွာခြားလှသည်။ ၎င်းလူမျိုး
တို့ကို မြန်မာနိုင်ငံ တွင် မတွေ့ရတော့ပေ။ ဝင်ရောက်ရွေ့ပြောင်းနေထိုင်ရာတွင် အခြား မွန်၊ ပလောင်၊ ဝ အုပ်စုဝင်
ထက်ဦး၍ အာရှတိုက် တောင်ဘက်စွန်းသို့ ရောက်ရှိနေကြပြီ။ ၎င်းတို့သည် နီကိုဘာ ခေါ် နာဂဘာရီကျွန်းသား
များနှင့် မလေးကျွန်းဆွယ်အလယ် ပိုင်း တောတောင်များတွင် နေထိုင်သည့်ဆကိုင်းလူမျိုးများ ပါဝင်ကြသည်။
၎င်းတို့ရောက်ရှိသောအချိန်မှာ လွန်ခဲ့သောအနှစ် ၂၀၀၀ ကျော်ခန့်က ဖြစ်သည်ဟု ခန့်မှန်းရသည်။ )
ထို့ကြောင့် ထိုခေတ်ကို မွန်၊ ပလောင်၊ ဝ ခေတ်ဟု ခေါ်တွင်သုံးစွဲရမည်ဖြစ်သည်။ မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့ မြန်မာ ပြည်အတွင်းသို့ ရောက်ရှိလာသောအခါ မိမိတို့၏ယဉ်ကျေးမှု ပါလာခဲ့သည်။ ရောက်
ရှိသောဒေသရှိ ယဉ်ကျေးမှုကိုလည်း ဆက်ခံသဖြင့် ယဉ်ကျေးမှုအဆင့်အတန်း အတော်အတန် တိုးတက်လာခဲ့
သည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းမှ လာရောက်သော အိန္ဒိယတိုင်းရင်းသားကုန်သည်များနှင့် လည်း ကူးလူး
ဆက်ဆံရသဖြင့် အိန္ဒိယယဉ်ကျေးမှုကိုပါ ရရှိခဲ့ပါသည်။ ၎င်းတို့ထံမှ ဟိန္ဒူဘာသာအယူဝါဒ၊ စာရေးသည့်အ
တတ်ပညာ၊ အုပ်ချုပ်မှုနှင့်နေထိုင်ဝတ်ဆင်မှုများကို နည်းယူပြီး မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် သင့်တော်သ
လို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမှုအသွင်သို့ ပြောင်းလဲယူကြသည်။ ၎င်းပြင် ထူးခြား
မှတ်သားဖွယ်ကောင်းသောအချက်တစ်ရပ်မှာ ဟိန္ဒူအယူဝါဒ ရောက်ပြီးနောက်၊ ယခုအချိန်အထိ ထွန်းပြောင်
လျှက်ရှိသော ဗုဒ္ဓဘာသာ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိလာသော
ဗုဒ္ဓသာသနာမှာ ထေရဝါဒဗုဒ္ဓဘာသာ၊ တောင်ပိုင်းဗုဒ္ဓဘာသာ ဖြစ်သည်။ ပထမရောက်ရှိလာသော ဟိန္ဒူအယူ
အဆကို စွန့်ပစ်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ခံယူသည်။ မြောက်ပိုင်းတွင် မဟာယန၊ အရည်းကြီးတို့ သာသနာ
သာ ရှိနေသေးသည်။ မွန်တို့ဒေသသည် ဦးစွာပထမ ဗုဒ္ဓဝါဒထွန်းလင်းခဲ့သော ဒေသ ဖြစ်သည်။
သမိုင်းတင်ခေတ်အစ၊ မွန်ပဒေသရာဇ်နိုင်ငံတော်
သမိုင်းတင်ခေတ်ဦးတွင် မွန်တို့သည် ကုန်လုပ်ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ အောက်မြန်မာနိုင်ငံ တွင်
မွန်နိုင်ငံကို တည်ထောင်ကြောင်း တွေ့ရှိရသည်။ ၎င်းမှာ သုဝဏ္ဏဘုံမိ ဖြစ်သည်။ ဘာသာဗေဒအရ မွန်တို့သည်
သြစတြိုအေရတစ်အနွယ် တွင် ပါဝင်သည်။ သမိုင်းဦးဘုံမြေခေတ်၊ ကျောက်ခေတ်နှောင်းကာလ (ဘီစီ
-၂၀၀၀ ကျော်) လောက်ကတည်းက သူတို့ သည် လယ်ယာစိုက်ပျိုးမှုအတတ်ကို တတ်သိနားလည် ဆောင်
ရွက်ခဲ့သည်။ စပါးစိုက်ပျိုး၍ ဖြစ်ထွန်းနိုင်သောအရှေ့တောင် အာရှမြစ်ဝှမ်းဒေသများသို့လူဦးရေ တိုးတက်
များပြားလာသည့်မွန်၊ ခမာ မျိုးနွယ်ကွဲဝင်တို့ တစတစ ရွေ့ပြောင်းနေထိုင် ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့
သည် ဒုတိယမူရင်းဒေသဟု ဆိုရမည့်ဗီယက်နန်ပြည် မြစ်နီမြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယခုအခါ ကမ္ဘောဒီးယား
မဲခေါင်မြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယိုးဒယားတောင်ပိုင်း ချောင်ဖျရာ မဲနန်ဒေသ၊ ယင်းမှတဆင့် စစ်တောင်း၊
သံလွင်၊ ဂျိုင်းမြစ်ဝှမ်းကျွန်းပေါ်ဒေသသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မွန်၊ ခမာ အနွယ်ကွဲဝင် တို့သည် အဆို
ပါမြစ်နီမြစ်ဝှမ်းမှ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသ များသို့လည်း
ရောက်ရှိခဲ့သည်။
မွန်တို့သည် သုဝဏ္ဏဘုံမိ (သထုံ) မြို့ကို မြို့တော်အဖြစ် ပြုလုပ်စိုးစံနေထိုင်ကြသော မွန်နိုင်ငံတစ်ခုကို၎င်း
၊ မြန်မာနိုင်ငံနယ် စပ်နှင့်နယ်ခြားစပ်လျှက်ရှိသောယိုးဒယား (ထိုင်း) ပြည်၏မြောက်ပိုင်းတခွင်နှင့် တောင်ပိုင်း
တလွှားတို့ကို ကြီးစိုးလွှမ်းမိုး နေသည့်မွန်နိုင်ငံတစ်ခုကို၎င်း ထူထောင်ထားပြီး ဖြစ်သည်။ ယခုအခါ ယိုးဒယား
(ထိုင်း) နိုင်ငံအဖြစ် နယ်နိမိတ်သတ်မှတ် ထားသည့်မြေပေါ်တွင် အဆိုပါမွန်ပြည်နှစ်ပြည်ကို ထူထောင်ထားကြ
ရာ တောင်ပိုင်းမွန်နိုင်ငံကို ဒွါရဝတီဟု ခေါ်၏။ မြို့တော် မှာ လော့ပူရီ (LOP BURI ) ဖြစ်သည်၊ လော့ပူရီမြို့ကား
ယခုတိုင် ရှိနေသေး၏။ မြောက်ပိုင်းမွန်နိုင်ငံကို ဟရိဘုဉ္ဇ ခေါ်ကြ သည်။ မြို့တော်မှာ လမ်ဖုန်းဖြစ်သည်။ ဤမြို
့သည်လည်း ဇင်းမယ်မြို့၏တောင်ယွန်းအရပ်၌ ယခုတိုင် ရှိသေး၏။
မွန်၊ ခမာအနွယ်ဝင် မွန်အမျိုးသားတို့ မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ဆောက်ခဲ့သော သုဝဏ္ဏဘူမိနိုင်ငံ၏
အချုပ်အချာ ဒေသမြို့တော်မှာ သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင်တဝိုက်ဖြစ်သည်ဟု သုတေသီ
တို့က ခန့်မှန်းကြသည်။ ယင်းဒေသတွင် မွန်လူမျိုးတို့အခြေစိုက်၍ မြို့ပြထီးနန်း တည်ဆောက်ခဲ့သည်၊
(ယခုအခါ ၎င်းဒေသကို ရှေ့ဟောင်းသုတေ သနဌာနမှ စတင်တူးဖေါ်၍
သုတေသနပြုလုပ်ပြီး ဖြစ်၍ ပြည့်စုံသောအချက်အလက်များ နောက်ထပ်တွေ့ရှိလာမည်ဟု ယုံကြည်ရသည်။)
သုဝဏ္ဏဘူမိသည် မွန်တို့ဌာနေဖြစ်သော ရာမညဒေသကို အမည်ပေးထားသည်ဟုလည်း ဆိုနိုင်သည်။ ယင်းမှာ
မူလအားဖြင့် စစ်တောင်းနှင့်သံလွင်မြစ်နှစ်သွယ်ကြားဒေသ ဖြစ်သည်။ ရာမညဒေသ ဆိုသည်မှာ လည်း ခေတ်
လယ် မွန်တို့က မိမိတို့ကို ခေါ်သော “ မာန်” ဟူသော အမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ရှေးနှစ်ပေါင်းများစွာက ယင်းဒေသ (သုဝဏ္ဏဘူမိ) သည် ပင်လယ်ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကြောင်း သံသယ
မဖြစ်နိုင်ချေ၊ ယခု မုတ္တမတောင်တန်း၏အနောက်ဘက်လွင်ပြင်မှာ ရှေးယခင်က ပင်လယ်ရေများ လွှမ်းနေခဲ့
သည်၊ ထိုစဉ်က ပင်လယ်ကမ်းစပ် သည် အရက်သည်မ ( တိုက်ကုလား) ရွာဖြစ်သော ကေလာသ တောင်ခြေ
အထိ ရောက်ခဲ့သည်၊ ယခု အရက်သည်မရွာ နှင့် သထုံမြို့နေရာတို့မှ လေးမြှားများ၊ ကျောက်ကြိုး
များ နိုင်ငံခြားသင်္ဘောများ၏အပိုင်းအစများကို တူးဖေါ်ရရှိခဲ့ဘူးသည်။
မဟာရာဇဝင်ကြီး၌ ဘုရားသခင်ထင်ရှားရှိစဉ်က အာသောက ဓမ္မရာဇာ မင်းပြု၏၊ သထုံရာဇာဝင်ကျမ်းဟောင်း
တွင်မူ သထုံ၌ သီဟရာမင်း မှစ၍ မနူဟာမင်းအထိတိုင် စိုးစံသည်ဟု ဖော်ပြထား၏။
သုဝဏ္ဏဘူမိ (ခေါ်) သထုံမြို့တည်ထောင်သည့်ခုနှစ်နှင့် စပ်လျဉ်း၍ တိတိကျကျ မရှိလှပေ။ မွန်၊ မြန်မာ ရာဇာဝင်
များတွင်မူ ဘီစီ-၁၇- ရာစုအတွင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။
သုဝဏ္ဏဘူမိနှင့် ပတ်သက်စပ်လျဉ်း၍ ခေါမ ပထဝီရှင် တော်လမီက၊ “ ဗေင်စင်ဂ”ဟုခေါ်သော မုတ္တမ ပင်လယ်ကွေ့
ကမ်းရိုးတန်းတလျှောက်တွင် အရပ်ပု၍ ကြံ့ခိုင်သောလူကြမ်းများ နေထိုင်ကြသည်၊ သူတို့သည် မူရင်းတိုင်းရင်း
သားဖြစ်သော သြစ တြိုနီးရှင်းများ၊ မြန်မာစာပေလောကတွင် ဘီးလူးဟု ခေါ်တွင်သောလူများ ဖြစ်တန်ရာသည်။
မွန်၊ ခမာ အနွယ်စုတို့ ရောက်လာသောအခါ မခုခံနိုင်၍ ၎င်းတို့သည် ပင်လယ်ရှိကျွန်းများ ပေါ်သို့ ဆုတ်ခွာ
သွားခဲ့ရသည်။
မြေရှင်ပဒေသရာဇ်ခေတ်လယ်တွင် မနူဟာမင်း (မကုတ) မတိုင်မီ မွန်ဘုရင်များ ခေါင်းဆောင်သော သုဝဏ္ဏဘူမိ
သထုံပြည် သည် အင်အားတောင့်တင်းလျှက် ရှိသည်၊ သထုံတွင် မွန်လူဦးရေ များပြားလာသဖြင့် “ဟံသာဝတီ
( ပဲခူး ) ”၊ တွံတေးမြို့ အရှေ့ဘက်ရှိ “ကြဗင်း”မြို့များ တည်ထောင်ခဲ့သည်။ သို့သော် စုစည်းသောအင်အားကြီးနိုင်
ငံတစ်ခုအဖြစ် မတည်ထောင် နိုင်ခဲ့သေးပေ။
သုဝဏ္ဏဘူမိတွင် မွန်တို့၏ မိရိုးဖလာ ကိုးကွယ်မှုအပြင် အိန္ဒိယမှ ဗိဿနိုး ကိုးကွယ်သည့် ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓဝါဒကို
သက်ဝင် ယုံကြည်ကြသည်။ သို့သော် ဗြဟ္မဏဝါဒမှာ မှေးမှိန်ခဲ့ပြီး ဗုဒ္ဓဝါဒ ထွန်းတောက်ခဲ့သည်။ သီဟရာဇာမင်း
စိုးစံချိန်တွင် ၎င်း၏ နောင်တော် အရှင် ဂဝံပတိထေရ်က မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ ဌာပနာသွားတော်
သုံးဆယ့်နှစ်ဆူ ပင့်ဆောင်ပြီး အနှစ် ၆၀ တိုင်တိုင် ပူဇော်ခဲ့သည်ကို သထုံရာဇဝင်ကျမ်း ဟောင်းတွင် ဖော်ပြထား
သည်။ အာသောကမင်းကြီး လက်ထက် တွင်လည်း အရှင်သောဏ နှင့် အရှင်ဥတ္တရ တို့ သာသနာပြုခဲ့ကြောင်း
တွေ့ရှိရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း၌ အရည်းကြီး မဟာယနအယူသာ ရှိ၏။
သုဝဏ္ဏနိုင်ငံသားတို့သည် သာသနိက ဆိုင်ရာအဆောက်အဦးများ၊ မြို့ရိုးခံတပ် စသည်တို့ကို ဂဝံကျောက်
များဖြင့် ကောင်း မွန်စွာ တည်ဆောက်ခဲ့ကြသည်။ ထိုကြောင့် ထိုခေတ်တွင် ဂဝံကျောက်ယဉ်ကျေးမှုတစ်ရပ်
ပေါ်ထွန်းလာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။
အထက်ဖော်ပြပါအရ မွန်တို့သည် ဘီစီ ၂၀၀၀ ကျော်ကစ၍ မွန်ပဒေသရာဇ်ခေတ်အစ လော့ဗူရီ၊ လမ်ဖုန်း၊
သုဝဏ္ဏဘူမိ၊ ဟံသာဝတီ( ပဲခုး)နှင့် ပဒေသရာဇ်ခေတ်များတွင် ရေးထိုးခဲ့သောကျောက်စာတဆင့်စီ ကူးယူခဲ့သော
ပေစာ၊ ပုရပိုဒ်များနှင့် ယခုတိုင် ပုံနှိပ်အသုံးပြုနေသော စာပေယဉ်ကျေးမှု မှတ်တမ်းများ၊ ၎င်းနှင့်ပက်သက်သော
အချက်အလက်များက မွန်အမျိုး သားတို့တွင် အချုပ်အချာအာဏာနှင့် ပြည့်စုံသော၊ ကျယ်ပြန့်သောနယ်မြေကို
ပိုင်ဆိုင်အုပ်စိုးခဲ့ကြောင်း သိရှိနိုင်သည်။ စီးပွား ရေးအရလည်း သမိုင်း သုတေသီတို့မှ မှတ်တမ်းတင်ခဲ့သည့်အ
တိုင်း လယ်ယာစီးပွားရေးကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ မွန်တို့ဌာနီရာမညဒေသသည်လည်း ပဒေသရာဇ်ေ
ခတ်များတွင် မွန်ပဒေသရာဇ်များ ဦးစီးဦးဆောင်ပြုကြ သည့်မွန်တို့ နှစ်ပေါင်းထောင်းပေါင်းများစွာ (ဘီစီ ၂၀၀၀
ကျော်)ကစပြီး လူမျိုးကြီးတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။
“A nation is a historically evolved stable Community of Language, Territory, Economic life and
Psychological make up manifesto in a Community of culture.”
“လူမျိုးဆိုသည်မှာ ရာဇဝင်အရ ပေါ်ပေါက်ဖြစ်လာပြီး တည်တံ့သောစကား၊ စာပေ၊ နယ်မြေ၊ စီးပွားရေးနှင့်
ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနှင့် ဦးညွတ်စွာ ရှိသောလူစုလူဝေးကို ခေါ်သည်။ ထို့ကြောင့် မွန်သည်
( Race tribe ) စသော အဆင့်တူများပူးပေါင်းထားခြင်းမဟုတ်ဘဲလူမျိုးတစ်မျိုး၏ဂုဏ်အင်္ဂါနှင့်ပြည့်စုံသော
လူမျိုးဖြစ်ကြောင်းထင်ရှားသည်။

မွန်လူမျိုးတို့ကမ္ဘာပဒေသရာဇ်ခေတ် မွန်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အခြေအနေ


မွန်တို့၏ အမျိုးသားစာပေ၊ ယဉ်ကျေးမှုကို လေ့လာလျှင် စာပေစတင်ပေါ်ပေါက်သောပဒေသရာဇ်ခေတ်မှ စတင်ရပါ
မည်။ ထိုခေတ် မွန်အမျိုးသားတို့ ခေါင်းဆောင်မှာ မွန်ပဒေသရာဇ်များ ဖြစ်ကြသည်။ မွန်အမျိုးသားတို့၏ဘဝရပ်
တည်ရေးနှင့် ဂုဏ်ရှိန် အနိမ့်အမြင့်သည် မွန်အမျိုးသားတို့၏အာဏာကို စိုးပိုင်ထားသော မွန်ပဒေသရာဇ်တို့
၏အပေါ်တွင်သာတည်သည်။ ယခုခေတ်သုံးစကားနှင့်ဆိုလျှင် မွန်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊
ယဉ်ကျေးမှုများသည် မွန်ပဒေသရာဇ် လက်ဝယ် တည်မှီနေသည်။
လူမျိုးတမျိုးသည် မိမိတို့၏အမျိုး၊ စာပေ၊ စကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပြုစုပျိုးထောင်ထိန်းသိမ်း ရန်မှာ
၎င်းလူမျိုး တို့၏အမျိုးသားလုပ်ပိုင်ခွင့်အာဏာ သို့မဟုတ် နိုင်ငံရေးအာဏာပေါ်တွင် တည်နေသည်။ ပဒေသရာဇ်ေ
ခတ်တွင် မွန်ပဒေ သရာဇ်များအာဏာရှိမှု၊ မရှိမှုပေါ်တွင် တည်နေသည်ကို တွေ့ရသည်။
အေဒီ ၁၀၄၇ မွန်ဘုရင် မနူဟာမင်းလက်ထက်တွင် မြန်မာဘုရင် အနော်ရထာမင်းလက်ထက် မနူဟာဘုရင် အား
သုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့ ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊ မွန်ဗိသုကာများ၊
မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ် မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွား
သည်။ အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော ထေရဝါဒ ဗုဒ္ဓဘာသာ စာပေများကို ပင့်ဆောင်သွား
သည်။ မွန်တို့ဌာနီ သုဝဏ္ဏဘူမိ (သထုံ)သည် မြန်မာ ဘုရင်လက်အောက်သို့ ကျရောက်သွားသည်။
မွန်ပဒေသရာဇ် နိုင်ငံသည် မြန်မာပဒေသရာဇ်နိုင်ငံနှင့် ပူးပေါင်းလိုက်သဖြင့် မွန်ပဒေသရာဇ် နိုင်ငံ ကွယ်ပျောက်
သွားသည်။ မွန်ပဒေသရာဇ် မရှိသည့်နောက် မွန်စာပေ၊ ယဉ်ကျေးမှု အရှိန်မှေးမှိန်လာသည်။ သို့သော် မွန်စာေ
ပသည် မြန်မာစာပေ တိုးချဲ့ရေးအတွက် နေရာရခဲ့သည်။ မြန်မာစာပေအရေးအသားကိုလည်း မွန်စာ ပေအရေး
သားမှ အတုယူပြီး ပြုစုပျိုးထောင်ခဲ့သည်။ မွန်စာပေဖြင့် ရေးသားထားသော ဗုဒ္ဓစာပေကိုလည်း မွန်တို့ထံမှတ
ဆင့် ကူးယူပြန်ဆိုသည့် ပုဂံတွင် ရှိသော မဟာယန အယူဝါဒမှ ထေရဝါဒသို့ ပြောင်းလဲလာသည်။ အုတ်ဖြင့်
တည်ဆောက်ခဲ့သော သာသနိက အဆောက်အဦး များကိုလည်း မွန်ဗိသုကာများက ဆောက်လုပ်ပေးရသည်
မှာ ယခုထက်တိုင်ရှိသောပုဂံရှေးဟောင်း ဘုရားများက သက်သေထူလျှက် ရှိသည်။
အေဒီ - ၁၂၈၇ ခုနှစ်တွင် မွန်ဘုရင်ဝါရီရူ အောက်မြန်မာနိုင်ငံရှိ မွန်အမျိုးသားတို့ကို စုစည်းပြီး မုတ္တမတွင်
မွန်ပဒေသရာဇ် နိုင်ငံကို တည်ထောင်ပြန်သည်။ မွန်တို့သည် နှစ်ပေါင်း ၂၄၀ မျှ မွန်အမျိုးသားခေါင်းဆောင်
မွန်ပဒေသရာဇ် မဲ့ရာမှ ခေါင်း ဆောင်သစ် ဝါရီရူကို ရရှိခဲ့သည်။ ဝါရီရူမင်းဆက် ဆင်ဖြူရှင် ဗညားဦးလက်ထက်
၊ အေဒီ - ၁၃၇၀ တွင် (သမလ၊ ဝိမလ ညီနောင်တို့၏ အေဒီ - ၅၇၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အေဒီ -
၁၀၄၃ - ခုနှစ်လောက်တွင် အနော်ရထာဘုရင်အောက် ရောက်သွားသော) ဟံသာဝတီ (ပဲခူး)
မွန်နေပြည်တော်ကို ပြန်လည်တည်ထောင်ပြီး မင်းနေပြည်တော်အဖြစ် စိုးစံသည်။ ထိုအချိန်တွင် မွန်စာပေ
အရေးအသားများ ဖြစ်သော၊ ကဗျာ၊ လကာင်္၊ ဝတ္ထု အရေးအသားများသည် ဗုဒ္ဓစာပေနှင့်မှီး၍ ပေါ် ပေါက်လာ
သည်၊ သို့သော် ဆင်ဖြူရှင် ဗညားဦး လွန်လျှင် သားတော် ရာဇာဓိရာဇ် (အေဒီ - ၁၃၈၅ -၁၄၂၃) သည်
ဟံသာဝ
တီ (ပဲခူး)တွင် ထီးနန်းစိုက်ပြီး မွန်ပဒေသရာဇ် နိုင်ငံတော်ကို ဦးဆောင်ခဲ့သည်။ ရာဇာဓိရာဇ်သည် လက်ရုံးရည်၊
နှလုံးရည်ရှိ သော မွန်အမျိုးသား ပဒေသရာဇ် သူရဲကောင်း ဖြစ်သည်။ အစဉ်လှုပ်ရှားတိုက်ခိုက်မှု၊ မြန်မာပဒေ
သရာဇ်များနှင့်အစဉ်လက်ရုံး ရည်ပြိုင်ခဲ့သည့်အတွက် မြန်မာဘုရင်များနှင့် နှစ်ပေါင်း ၄၀ နီးပါး (၁၃၈၆ -
၁၄၂၅) ပြည်သူ့တို့အကျိုးစီးပွားမပါသော စစ်ပွဲ များကို ခင်းကျင်းခဲ့သည်။ စစ်ကြောင့် လယ်ယာစီးပွားရေး၊
စာပေများ မတိုးတက်ဘဲ ဆုတ်ယုတ်သွားသည်။ မွန်ပဒေသရာဇ် အောက်ရှိ ပြည်သူများမှာလည်း စစ်တိုက်နေ
ရ၍ ပင်ပန်းနေကြသည်။ အနှစ် - ၄၀ မျှ၊ စာပေ၊ ယဉ်ကျေးမူကို ပြန်လည်ပြုစုတိုးချဲ့ရန် အချိန်မရ ဖြစ်ခဲ့ရသည်။
အနှစ် - ၄၀ စစ်ပွဲကြီးပြီးနောက် မွန်ပဒေသရာဇ်နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေးအရ ကြပ်တည်းနေသည်
။ မြန်မာပဒေ သရာဇ်များနှင့် စစ်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် ရာဇာဓိရာဇ်ကို ဆက်ခံသော သားတော် ဗညား
ဓမ္မရာဇာလက်ထက်တွင် ညီတော်များနှင့် မသင့်မတင့်၍ အင်းဝမှ ဆင်ဖြူရှင် သီဟသူရမင်း ဝင်ရောက်တိုက်
ခိုက်ခြင်းကို ခံရ၏။ ထိုအခါ ဒဂုန်မင်း ဗညားရံက နှမတော် ရှင်စောပု(ရာဇာဓိရာဇ်၏သမီး)ကို ဆက်၍ စစ်ငြိမ်းေ
စသည်။ (ပေမူများတွင်မူ ဒဂုန်တိုက်စဉ် ရှင်စောပုကို ဖမ်းမိပြီး အင်းဝသို့သီဟသူရ ပြန်သည်ဟု ဆိုသည်။
စကားချပ်)ဟံသာဝတီတွင် ရာဇာဓိရာဇ်မရှိသည့်နောက် ထီးမွေနန်းမွေး ကိစ္စများ ရှုပ်ထွေးလာသည်၊ သို့သော်
မွန်ပဒေသရာဇ်နိုင်ငံနှင့် မြန်မာပဒေသရာဇ် စစ်ပွဲမဖြစ်သည်မှာ ဗညားဓမ္မရာဇာ

(၁၄၂၃ - ၁၄၂၆)၊ ဗညားရံ (၁၄၂၆ - ၁၄၄၆)၊ ဗညာဖရူး (၁၄၄၆ - ၁၄၅၀)၊ ၁၄၅၀- ခုနှစ်တွင် ဗညားဖရူး
အင်းဝဘုရင် နရပတိထံသို့ သွားရောက်ခိုလှုံနေသော ဟံသာဝတီ ဗညားဓမ္မရာဇာ၏ သားတော် ဗညားကျန်းအား
နရပတိက ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲ လေးသောင်းနှင့် ကြပ်မတ် နန်းတင်သည်။ ဟံသာဝတီ (ပဲခူး)
ကို ဆက်လက်စိုးစံသော လိတ်မွတ်ထောမင်း (အေဒီ - ၁၄၅၃)၊ ဘုရင်မ ရှင်စောပု (၁၄၅၃ - ၁၄၇၂)၊ ဓမ္မစေတီမင်း
(၁၄၇၂ - ၁၄၉၂) တို့လက်ထက်တွင် ငြိမ်းချမ်းသာယာမှု ရှိသည်။ သို့သော် အနှစ် - ၄၀ စစ်ပွဲကြောင့် ယိုယွင်းေ
နသော မွန်နိုင်ငံတော်ကို အဖက်ဖက်မှ ပြန်လည်ပြုစုပျိုးထောင်ရ မည့်အစား ထေရဗုဒ္ဓဘာသာ ကိုင်းရိုင်းသော
မင်းဆက်များဖြစ်၍ သာသနာရေးကိစ္စများကို အလေး ပေးဆောင်ရွက်ကြသည်။ အထူးသဖြင့် မြတ်စွာဘုရားသည်
ရာဇယတနလင်းလွန်းပင်ရင်း ၄၃ ရက်ပတ်လုံး သမာပတ်ဝင်စား၍ နေတော်မူပြီး ရှစ်ရက်မြောက်သောနေ့၌ ရာမ
ညတိုင်းမှ မွန်ကုန်သည်ညီနောင် တဖုဿ - ဘလ္လိကတို့ကကြွက်ကျစ်မုံ့၊ ပျားမုံ့တို့ကို ကပ်လှူ၏။ မြတ်စွာဘုရားရှင်
ကလည်း ဆံတော်မြတ်များအား ပေးအပ်သဖြင့် ရာမညတိုင်းသို့ ယူလာသည်။ ရာမညတိုင်းသို့ ရောက်သောအခါ
မွန်ဘုရင် ဥက္ကလာပက သိဂုင်္တ္တရကုန်းတော်၌ စေတီတည်ထားကိုးကွယ်သည်။ ထိုဘုရား သည်
ပျက်စီးယိုယွင်းနေခြင်းကို ပြန်လည်ပြုပြင်သောလုပ်ငန်းကို လူအင်အား၊ ပစ္စည်းအင်အားတို့ဖြင့် ဆောင်
ရွက်သည်။ မွန်ဘုရင် ဗညာကျန်းထော (၁၄၅၀ - ၁၄၅၃) လက်ထက်၌တွင် ဥာဏ်တော် ၂၁၆ - တောင်၊ ၂ -
မိုက်၊ ၅ - သစ်အထိသာ ပြီးသည်။
ဤသို့ ကောင်းမူကုသိုလ်ပြုလုပ်နေရသဖြင့် မွန်အမျိုးသားတို့၏ စည်းရုံးရေး၊ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှုကို ပြုစု
ပျိုးထောင်ရန် ပျက်ကွက်ခဲ့သည်။ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) ကို သားတော် ဗညားရံ (၁၄၉၂ - ၁၅၂၆) က
လုပ်ကြံ၍ ထီးနန်းသိမ်းယူသည်။ ယင်းလက်ထက်တွင် အင်းဝ ဒုတိယမင်းခေါင်၏သစ္စာခံ တောင်ငူစား မင်းကြီးညို
သည် ဟံသာဝတီ ကျေးစပ်နယ်ပယ်ကို လာရောက်ထိပါးသည်။ ဗညားရံ လွန်ပြီး တကာရွတ်ပိမင်း (၁၅၂၆ - ၁၅၃၉)
လက်ထက်တွင် အင်အား ချိနဲ့သော နန်းတွင်းအရေးတော်ပုံကြောင့် စည်းလုံးမှု ပြိုကွဲနေသော ဟံသာဝတီ (ပဲခူး)
ကို အင်အားကြီးမားလာသော တောင်ငူ တပင်ရွှေထီးက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
မွန်အမျိုးသားများသည် မြန်မာဘုရင်များ၏အအုပ်အချုပ်ခံဘဝသို့ တကာရွတ်ပိမင်းလက်ထက် (၁၅၃၉)မှစ၍
ကျရောက် သွားသည်။ ထိုသို့ ကျရောက်သွားသဖြင့် မွန်အမျိုးသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊
ယဉ်ကျေးမှုမှာလည်း မှေးမှိန်သွားရသည်။ ထို့ကြောင့် မွန်အမျိုးသားများသည် မိမိနိုင်ငံ ခေါင်းဆောင်ဖြစ်သော
ပဒေသရာဇ်များ ခေါင်းဆောင်မှု အောက်တွင် ပြန်လည်တော်လှန်ကြသည်။ တပင်ရွှေထီး (၁၅၃၉ - ၁၅၅၀)
လက်ထက်တွင် မွန်တို့သည် ဒလ၊ ဒဂုန်၊ သံလျှင် စသောဒေသများတွင် လူစုပြီး ပုန်ကန်ကြသည်။ ထိုသို့
ပုန်ကန်နေစဉ်အတွင်း သမိန်စောတွတ်က တပင်ရွှေထီးအား လုပ်ကြံ

ပြီး ဟံသာဝတီတွင် နန်းစံသည်။ သို့သော် အမတ်တို့က ဆန့်ကျင်ပြီး နန်းချကာ သမိန်ထောရာမကို
နန်းတင်ပြန်သည်။ ဘုရင့်နောင်သည် သမိန်ထောရာမကို ၁၅၅၁ နှစ်တွင် တိုက်ခိုက်ပြီး
ဟံသာဝတီ(ပဲခူး) နေပြည်တော်ကို ပြန်လည်၍ မြန်မာ ပဒေသရာဇ် မြို့တော်အဖြစ် သတ်မှတ်တည်ထောင်
ခဲ့သည်။
ထိုသို့ နှစ်ပေါင်း ၂၀၀ ကျော်မျှ မွန်အမျိုးသားများ ခေါင်းဆောင်မဲ့ရာမှ ၁၇၄၇ - ခုနှစ်တွင် ဗညားဒလ ဟံသာဝတီ
(ပဲခူး) တွင် ထီးနန်းစိုက်ထူသည်။ ဗညားဒလအရင် သမိန်ထောက မွန်တို့အား ခေါင်းဆောင်ခဲ့သော်လည်း
သမိန်ထောက ခေါင်းဆောင်မှု မပေးတော့သဖြင့် ဗညားဒလကို နန်းတင်သည်။
(မွန်တို့သည် အင်းဝ၏သြဇာကို မနာခံတော့ဘဲ သီးခြားနိုင်ငံ ထူထောင်ကြသည်။ ထိုသို့ ထူထောင်ပြီးနောက်
အုပ်ချုပ်မည့် မင်းကို ရွေးချယ်ရာ အင်းဝအနွယ်တစ်ဦးအား ရွေးချယ်ကြသည်၊ ထိုမင်းသည် တိုင်းရေးပြည်ရေး
ကို ကောင်းစွာ ဂရုမစိုက်သဖြင့် ၎င်း၏ယောက်ဖဖြစ်သူ ဗညားဒလအား နန်းတင်သည်။)

(ဗိုလ်မှူးဘရှင် ရေး၊ မြန်မာနိုင်ငံသမိုင်း၊ စာ-၂၁၂)
ဗညားဒလသည် ၁၇၅၂ - ခုနှစ်တွင် အင်းဝကို သိမ်းယူပြီး မြန်မာပဒေသရာဇ် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီ
သို့ ခေါ် ဆောင်ခဲ့သည်။ မွန်စစ်သူကြီး တလဗန်းကို အင်းဝတွင် တပ်စွဲစေခဲ့သည်၊ မြန်မာပဒေသရာဇ်ခေါင်းဆောင်
ဦးအောင်ဇေယျသည် လူသူစုပြီး အင်းဝကို ပြန်လည်၍ တလဗန်းလက်မှ တိုက်ယူ၍ အောက်ပြည်သို့ စုန်ဆင်း
ကာ ၁၇၅၇ - ခုနှစ်တွင် ဟံသာဝတီ(ပဲခူး)ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် မွန်ပဒေသရာဇ်ခေတ်သည် နောက်ဆုံး
နိဂုံးချုပ်ခဲ့ရသည်။ သို့သော် မွန်အမျိုး သားတို့သည် ပုန်ကန်မှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်၊ အကြီး
ဆုံးသော ပုန်ကန်မှုမှာ သံလျှင်မြို့စား သမိန်မရူးဘွဲ့ခံ မောင်စပ်၏ ပုန်ကန်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည်။
ပုန်ကန်မှုမအောင်မြင်၍ အင်္ဂလိပ်ပိုင် မော်လမြိုင်တွင် သွားရောက်၍ အင်္ဂလိပ်ထံတွင် ခိုလူံသည်။
အေဒီ - ၁၇၅၇ တွင်ဖြစ်ပွားသော မွန်နှင့်မြန်မာ ပဒေသရာဇ်တိုက်ပွဲသည် ယခင်ကဲ့သို့ ပဒေသရာဇ်တန်ခိုး
အာဏာစွမ်းရည် ပြိုင်သည်ထက် ကျော်လွန်သွားပြီး အမျိုးသားဖိနှိပ်ရေးအသွင်သို့ ဆောင်လာသည်။ မွန်
စာပေများသည်လည်း ဖျက်ဆီးခြင်း ခံရသည်၊ စစ်ရှုံးမွန်တို့သည် ယိုးဒယားပြည်သို့ အများအပြား ပြေးဝင်
ခိုလှုံကြသည်။ မွန်တို့ဌာနီ ရာမညဒေသတွင်လည်း လူသူမဲ့သောဒေသ ဖြစ်လာသည်။ လယ်ယာ ထွန်ယက်သူ
မရှိ၍ လယ်ကောလယ်ရိုင်းများ ဖြစ်လာသည်။ ဗြိတိသျှ နယ်ချဲ့ သမားသည် ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီး
တွင် တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းကို ၁၈၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်
အရ ရရှိသည့်အရင်းရှင်အုပ်ချုပ်မှုသည် ပဒေသရာဇ်အုပ်ချုပ်မှုထက် ပျော့ပျောင်း သဖြင့်
ယိုးဒယားသို့ ပြေးဝင်သွားသောမွန်တချို့ ပြန်လာပြီး ဟံသာဝတီ(ပဲခူး)တွင် စတင် နေထိုင်လုပ်ကိုင်
စားသောက်ကြသည်။ ယိုးဒယား (ထိုင်းလင်း)တွင် မွန်အများစုကို မဲခေါင်မြစ်ဝကျွန်းပေါ်၊ ဘန်ကောက်မြို့တော်
တဝိုက်တွင် ယခုထက်တိုင် တွေ့ရှိ နိုင်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews