Tuesday, August 27, 2013
ဘုရားဂုဏ်တော် ၉ ပါး
    အရဟံ
လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တာဝါ အားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။
           သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိမြင်တော်မူပါပေ၏။
အသိဥာဏ်ဝိဇ္ဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော်မူပါပေ၏။
            သုဂတော
ကောင်းသောစကားကို ဆိုတော်မူတတ်ပါပေ၏။
           လောက၀ိဂူ
လောကသုံးပါးကို သိမြင်တော်မူပါပေ၏။
            အနုတ္တရောပုရိသဓမ္မသာရထိ
ဆုံးမထိုက်သူကို ဆုံးမတော်မူတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူပါပေ၏။
             သတ္တာဒေ၀မနုသာနံ
လူ၊ နတ်၊ ဗြဟ္မာ သတ္တာဝါ အားလုံးတို့၏ ဆရာဖြစ်တော်မူပါပေ၏။
             ဗုဒ္ဓေါ
သစ္စာလေးပါတရားကို သိမြင် ဟောကြားတော်မူပါပေ၏။
              ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူပါပေ၏။
ခက်ဆစ်လေး နှစ်ခုလောက် ရှင်းပေးရမှာက လောကဝိဒူ ဂုဏ်တော်မှာ သတ္တလောကဆိုတာ လူ၊ နတ်၊ ဗြဟ္မာ၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ သက်ရှိသတ္တဝါမှန်သမျှကို ပြောတာပါ။ သြကာသလောက ဆိုတာကတော့ အဲဒီသတ္တဝါတွေနေတဲ့ (၃၁) ဘုံ ဌာနတွေကိုပြောတာပါ။ သင်္ခါရလောက ဆိုတာကတော့ သတ္တဝါတွေသန္တာန်မှာ အမြဲမပြတ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို ပြောတာပါ။
ဘဂဝါဂုဏ်တော်ထဲက ဣဿရိယဆိုတာ တစ်လောကလုံးကို အစိုးရတာကို ပြောတာပါ။ ဓမ္မဆိုတာကတော့ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ် ဆိုတဲ့ တရားဆယ်မျိုးပေါ့။  ယသကတော့ အခြံအရံ ကြီးမားတာကိုပြောတာ။ သီရိဆိုတာကတော့ ကျက်သရေရှိတာကိုပြောတာ။ ကာမ ဆိုတာက အလိုရှိတိုင်း ပြည့်စုံရတာ။ ပယတ္တဆိုတာက ဘာမဆို စွမ်းနိုင်တာပေါ့။
"စေတီအတူ၊ စိတ်မူတည်ကြည်၊
ရောက်မီနတ်ရွာ၊ တွေ့ခါသိလွယ်၊
မြင့်နွယ်အမျိုး၊ ရိုကျိုးခံရ၊
ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာနှင့်၊
ကာယခံတွင်း၊ ကြိုင်သင်းမွှေးကြူ၊
ကြီးထူပညာ၊ နက်စွာထက်ရွှင်၊
လျင်မြန်ဆန်းကျယ်၊ ကောင်းကြွယ်စကား၊
ဆိုနိုင်ငြားသည်၊ ဘုရားဂုဏ်တော်ပွားကျိုးတည်း။"
အပါဒါန်ပါဠိတော်က ပြထားတဲ့ ဂုဏ်တော်ပွားကျိုး လင်္ကာလေးပါ။
ဘုရားဂုဏ်တော်ပွားများတဲ့သူဟာ ဖြစ်ရာဘဝမှာ -
၁။ သူ့ခန္ဓာကိုယ်ဟာ စေတီထိုက်တယ်၊ အများရဲ့ ရှိခိုးခံနိုင်တယ်။
၂။ စိတ်ဓာတ်တည်ကြည်ခံ့ငြားတယ်။
၃။ နတ်ရွာသုဂတိ ရောက်ရတယ်။
၎။ ဘုရားနှင့်တွေ့ရင် သစ္စာလေးပါးကို ခဏနှင့်သိတယ်။
၅။ မြင့်မြတ်တဲ့ အမျိုးအနွယ်မှာချည်းပဲ ဖြစ်ရတယ်။
၆။ ပတ်ဝန်းကျင်ရဲ့ ရိုသေလေးစားမှုကို ခံရတယ်။
၇။ အင်္ဂါခြေလက်ပြည့်စုံတဲ့ ဘဝကိုပဲ ရောက်ရတယ်။
၈။ အဆင်းလှပသူသာ ဖြစ်ရတယ်။
၉။ ကိုယ်နံ့၊ ခံတွင်းနံ့ဟာ ကြိုင်သင်းမွှေးကြူနေတယ်။
၁၀။ ကြီးမားတဲ့ပညာနဲ့ ပြည့်စုံတယ်။
၁၁။ နက်နဲတဲ့ပညာနဲ့ ပြည့်စုံတယ်။
၁၂။ ထက်မြက်တဲ့ပညာနဲ့ ပြည့်စုံတယ်။
၁၃။ ရွှင်တဲ့ပညာနဲ့ ပြည့်စုံတယ်။
၁၄။ လျှင်မြန်တဲ့ပညာနဲ့ ပြည့်စုံတယ်။
၁၅။ ဆန်းကြယ်တဲ့ပညာနဲ့ ပြည့်စုံတယ်။
၁၆။ ကောင်းမြတ်တဲ့စကားကို ပြောကြားနိုင်တယ်။
(အရှင်ဇဝန (မေတ္တာရှင် ရွှေပြည်သာ
0 comments:
Post a Comment
Twitter Delicious Facebook Digg Stumbleupon Favorites More
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews