Friday, August 30, 2013

အမျိုးသမီးများအတွက် ဆပင်ကျွတ်စေသောအကြောင်းရင်းများ


အမျိုးသမီးများအတွက် ဆံပင်ကျွတ်စေသော အကြောင်းရင်းများ
 by ပိုပိုဇော်(သဘာဝအားအင်) on Friday, February 22, 2013 at 9:55am

ဆံပင်ကျွတ်နှုန်းများတာဟာအမျိုးသမီးတွေကို စိတ်အနှောင့်အယှက်ဖြစ်ရစေပါတယ်။ ဆံပင်ကျွတ်နှုန်းများတာကိုဖုံးကွယ်
်ထားဖို့တော့ မလိုပါဘူး။ တစ်နေ့မှာ ဆံပင်အရေအတွက် ၁၀၀လောက်   ကျွတ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါ
တယ်။ ဒါမှသာ ဆရာဝန်အနေနဲ့ ဆံပင်ကျွတ်စေတဲ့ အခြေခံကျန်းမာရေး   ပြဿနာတစ်စုံတစ်ရာများ ရှိသလားဆိုတာကို
 ရှာဖွေနိုင်ပါလိမ့်မယ်။


၁။ ခန္ဓာကိုယ်တွင်း အခြေအနေ

အမျိုးသမီးတွေမှာ ဆံပင်ကျွတ်ရတာဟာခန္ဓာကိုယ်ထဲမှာ ဟော်မုန်းနဲ့ တခြားဓာတုပစ္စည်းအပြောင်းအလဲတွေကြောင့်ဖစ်
်နိုင်ပါတယ်။ သွေးအားနည်းခြင်း၊ သံဓာတ်ချို့တဲ့လွန်းတဲ့ အစားအသောက်တွေစားခြင်းနဲ့  သိုင်းရွိုက်ရောဂါတွေဟာလည်း
အမျိုးသမီးတွေကို ဆံပင်အများအပြား ကျွတ်စေနိုင်ပါတယ်။ CNN ကျန်းမာရေးရဲ့ ဖော်ပြချက်အရ အမျိုးသမီးတွေကို ဆံ
ပင်ကျွတ်နှုန်းများစေနိုင်တဲ့ ဆေးဝါးပေါင်း ၂၉၀ ကျော်ရှိကြောင်း၊ အဲဒီအထဲမှာ   သွေးကျဲစေတဲ့ဆေး၊ စိတ်ကျကုသဆေးနဲ့
ဘီတာဘလော်ကာ (Betablocker) ဆေးဝါးတို့ပါဝင်နေကြောင်း သိရပါတယ်။ တချို့အမျိုးသမီးတွေမှာတော့သွေးဆုံးချိန်
အတောအတွင်း အီစထရိုဂျင် မဟော်မုန်း ပမာဏ ကျဆင်းသွားတဲ့အခါ ဆံပင် ကျွတ်တာမျိုး၊ ကလေးမွေးပြီးချိန်မှာဆံပင်
ကျွတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။


၂။ ဆံပင် ပုံသွင်းခြင်း

ဆံပင်ကို အမျိုးမျိုး ပြုပြင်ဖန်တီးခြင်းနဲ့ ဆံပင်ပုံသွင်းရာမှာ သုံးတဲ့ ပစ္စည်းတချို့ကြောင့်လည်း ဆံပင်သား ထိခိုက်ခြင်းနဲ့ဆ
ံပင်ကျွတ်ခြင်း ဖြစ်တတ်ပါတယ်။ ဆံပင်ကို ပိုနီတေးစည်းတာ၊ ကျစ်ဆံမြီးကျစ်တာ စတဲ့ ဆံပင်သားကို ဆွဲခြင်း၊ ဖိထားခြင်း
တွေကြောင့်လည်း ဆံပင်ကျွတ်ရတတ်ပါတယ်။ ဆံပင်သားဟာ ဓာတုပစ္စည်းနဲ့ အပူထိတွေ့မှုများလေလေ၊ ကျွတ်နှုန်းများ
လေလေ ဖြစ်နိုင်တာကြောင့် ဆံပင်ဖြေင့်စက်၊ လေမှုတ်စက်စတာတွေနဲ့ ဓာတုပစ္စည်းပါတဲ့ ဆံပင်သုံး ပစ္စည်းတွေကို တတ်
နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။



၃။ မျိုးရိုးဗီဇလိုက်ခြင်း

အသက်ကြီးလာတာကြောင့် အမျိုးသားရော အမျိုးသမီးပါ ဆံပင်ကျဲပါးလာတတ်ပါတယ်။ တချို့ အမျိုးသားတွေမှာ ဆံပင်
ကျဲပါးပြီး ထိပ်ပြောင်းခြင်း ဖြစ်ရတာဟာ မျိုးရိုးဗီဇကြောင့်ပါလို့ CNN ကျန်းမာရေးက ဆိုပါတယ်။ အမျိုးသမီးတွေမှာ မျိုးရိုး
အရ ဆံပင်ကျွတ်နှုန်းများရင် နဖူးစပ်တစ်လျှောက်မှာ ပါးနေတတ်ပါတယ်။ မျိုးရိုးဗီဇအရ ဆံပင်ကျွတ်နှုန်းများတာကိုတော
့ အပြည့်အဝ ကာကွယ်မှု မယူနိုင်ပါဘူး။ ဒါပေမဲ့ ဆံခြည်မျှင်အိတ်တွေ အားကောင်းအောင် ဆေးကုသမှုတွေတော့ ခံယူလို့
ရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews