Saturday, August 10, 2013

ဘုရားရိပ်မှာ နိဗ္ဗာန်ရှာ

လူငယ်များစွာ၊စေတီမှာ၊ ဝေယျာဝစ္စတွက်
ကိုယ်ရောစိတ်ပါ၊ အံဖွယ်ရာ၊ ညီညာလွန်သွက်လက်
မြင်သူတိုင်းတွင်၊ စိတ်ကြည်လင်၊ အောင်မြေ ပုညစက်
သို့သော်ပိုင်ခြား၊ ၀တ်တရား၊ မှာကြားအဆက်ဆက်

တရားရှာလျှင်၊ ကိုယ်မှာပင်၊ တွေ့မြင် အစွမ်းထက်
တရားတွေ့လျှင်၊ နိဗ္ဗာန်မြင်၊ လမ်းစဉ် ဟောမိန့်မြွက်
နိဗ္ဗာန်မသွား၊ ငရဲးလား၊ လမ်းမှားအလွန်ခက်
ဘုရားရိပ်မှာ၊ ငရဲးရှာ၊ ရှောင်ခွါ အဆက်ဆက်

ရဟန်းရှင်လူ၊ စွဲမှတ်ယူ၊ ကောင်းသူကောင်းကျိုးထွက်
ဆိုးမိုက်ခဲ့လျှင်၊ ဆိုးသူတွင်၊ ပူပင် ဒုက္ခစက်
လူဘ၀ဟာ၊ ခဏတာ၊ သေချာစဉ်းစားလျှက်
သတိဉာဏ်ယှဉ်၊ အသိဝင်၊ ပြုပြင်အဆက်ဆက်

စေတီတော်ကြီး၊ များပစ္စည်း၊ သိုမှီးတရားဖက်
ဘုရားပစ္စည်း၊ ငရဲးမီး၊ သုံးနည်းအလွန်ခက်
သံဃပစ္စည်း၊ အဆိတ်သီး၊ စားနည်းအလွန်ခက်
သတိဉာဏ်ယုဉ်၊ သုံးတတ်လျှင်၊ ဆေးဝင်အစွမ်းထက်

စေတီတော်ဝင်း၊ ကျောင်းတလင်း၊ သန့်ရှင်းဝတ်မပျက်
စေတီတွင်းပြင်၊ သန့်ရှင်းလျှင်၊ ဖြူစင်ကုသိုလ်တက်
ပြန်၍ကိုယ့်မှာ၊ ဆင်ခြင်ပါ၊ မြတ်စွာဟောမိန့်မြွက်
ကိုယ့်အမိုက်ဘေး၊ သန့်ရှင်းရေး၊ အလေးပြု၍ဆက်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews