Monday, July 22, 2013

ကြယ်ကြွေပုံပြင်

လင်းလက်ခွင့်မရှိတော့တဲ့

ကောင်းကင်ထက်ကကြယ်တစ်ပွင့်လိုံ

နက္ခတ်မှားခဲ့ ငါ့နှလုံးသားလည်း

မရုန်းထွက်နိုင်တဲ့သမုဒယကျော့ကွင်းမှာ

ညွတ်ကွင်း မိခဲ့ပေါ့ ။

ချရေးလို့မရတဲ့ ၀ါကျတွေကို

ရင်ထဲမှာမြိုသိပ်ရင်း

ဆန္ဒအပျက်အခင်းကြားက

လမင်းကိုပြန်ဆုံတွေ့နိုင်ဖို့ဆိုတာ

နိုးတစ်ဝက်အိပ်ပျက်ညမှာ

ယောင်ရမ်းမက်တဲ့ဆောင်းအိပ်မက်လိ

ငါ့အတွက် အငွေ့ပျံမြန်လွန်းတယ်။

လမင်းရေ.......

ချစ်ခွင့်မရှိတဲ့နင့်ရင်ခွင်ကိုတမ်းတလို့

လောင်ကျွမ်းခဲ့ရနှလုံးသားတစ်စုံနှင့်

သတိရခြင်းကျောက်စာကို

ငါ့နှလုံးသားနံရံမှာထွင်းထုပြီး

သက္ကရာဇ်တွေပြောင်းလဲလာတိုင်း

မပြောင်းလဲတဲ့Valentine'dayမှာ

ငါတစ်ယောက်တည်း

နင့်ကို...လွမ်းနေခဲ့ရတယ်။ ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews