Saturday, July 20, 2013

နုတ်ဆတ်တယ်ကလေးရယ်

နင် zoo practical ဖြေတဲ့နေ့ကိုမှတ်မိလား
နင် ငါ့ဘေးနားမှာ လာရပ်ခဲ့တာလေ.. ငါ ရင်တွေခုန်သွားတာပဲ...
အဲဒီနေ့က နင် ပန်းရောင်လေး ၀တ်ထားတယ်
နင်နဲ့အလိုက်ဖက်ဆုံး အရောင်လေးလေ
ငါနင့်ကို ပြောခဲ့ဖူးပါတယ်...
ငါ့ချစ်သူက အိုပန်းနု ဆိုတဲ့ကောင်မလေးဆိုတာလေ... အဲဒီတုန်းက နင်ငါ့ကို လှည့်ကြည့်ခဲ့သေးတယ်လေ
မှတ်ရောမှတ်မိရဲ့လား


နင့်သတိထားမိလား
နင့်ဆီမှာ ငါပေးခဲ့တဲ့အရာနှစ်ခုရှိနေပြီဆိုတာ
ကြွက်စုတ်ပုံလေးရယ်
ကြွက်စုတ်ဆိုတဲ့ နာမည်ရယ်
နောက်တစ်ခါကျရင်
ငါနင့်ကို ငါ့အချစ်တွေပေးတော့မယ်
အဲဒီအခါ...နင်ငြင်းမှာလား
စိုးထိတ်စွာနဲ့ သိချင်မိပါရဲ့...


နင်နဲ့ငါမဆိုင်ပေမဲ့
တစ်ခုတော့ တားချင်မိတယ်...
ကျားတွေကို မကစားပါနဲ့..
စေတနာအရင်းခံနဲ့ပါ..
နင် နားလည်မယ်လို့ မျှော်လင့်တယ်...





ကောင်မလေးရေ..
နင်မပေးဘဲနဲ့ ဝေဒနာတွေ
ငါရနေခဲ့ပြီ...
ဝမ်းနည်းစွာနဲ့နှုတ်ဆက်ပါတယ်...
ရေစက်မကုန်ရင် တို့ပြန်ဆုံမှာပါ..
ဖူးစာမှန်ခဲ့ရင်တော့ နင်နဲ့ငါညားမှာပေါ့
လောလောဆယ်တော့
နင့်ကို မေ့ထားပါရစေ
နေရစ်တော့ ချစ်သူ...
ပျော်ရွှင်ပါစေ ကလေး၇ယ်...

မိုးညနေ


ချစ်သူ...
နင်နဲ့ငါဆုံခဲ့တဲ့
ညနေခင်းကိုမှတ်မိလား...
မိုးတွေရွာနေခဲ့တယ်လေ
နင်ငါ့ကို ကြည့်တဲ့မျက်ဝန်းတွေထဲမှာ...
ဘာတွေပါနေခဲ့မှာလဲ..
တိုက်ဆိုင်မှုလို့ပြော၇မှာပေါ့..
တစ်ခုသေချာတာက ငါနင့်ကို တွေ့ချင်နေခဲ့မိတာပဲ


နင် အဲဒီလမ်းကို သိလား
ငါညတိုင်း နင့်ဆီက ပြန်ရင်
ဒီလမ်းလေးက ပြန်တယ်
အဲဒီမှာ သရဲခြောက်တယ်တဲ့
ငါတောင်တွေ့ခဲ့သေးတယ်
ဒါပေမဲ့ သူငါ့ကို ဘာမှမလုပ်ခဲ့ဘူး
တိုးတိုးလေးတော့ပြောသွားတယ်..
"............................................." တဲ့


ကဗျာလေးနှစ်ပုဒ်နော်..
ငါနင့်ကို ပေးခဲ့ဖူးတယ်..
နင်သိမ်းထားလား..
နေ့တိုင်းပေးချင်ပေမဲ့
ငါ့မှာ ပေးခွင့်မရှိဘူး..
နင်နားလည်ပေးနော်..
ငါ နင့်ကို ချစ်တယ်..

universal truth

နင်ထားခဲ့မယ်ဆိုတာသိတယ်
ခက်တာက ငါမယုံနိုင်သေးဘူး
နင်ကိုယ်တိုင် ငါ့ကိုလာပြောပါလား
နင် ငါ့ကိုမချစ်နိုင်ဘူး လို့
နင်ကိုယ်တိုင်ပြောခဲ့ရင်တောင်...
ငါ ပြုံးနေဦးမှာပဲ ချစ်သူ..
ငါနင့်ကို ချစ်နေဆဲပဲလေ...
ဒါဟာ..universal truth ပါ
ငါ့နှလုံးသားနဲ့ရင်းခဲ့ရတဲ့ ရှာဖွေတွေ့ရှိချက်လေ
ဒီ့အတွက်ငါ့ ကို အချစ်နိုဘယ်ဆုပေးမယ်တဲ့
ငါမလိုချင်ပါဘူး...နင့်ဆီက အသိအမှတ်ပြုမှုနဲ့တင်
လုံလောက်ပါတယ်..

ချစ်သူအတွက်

ချစ်သူ
ငါ့အချစ်တွေ နင်သိစေဖို့
ဖယောင်းတိုင်တွေသက်စေ့ထွန်းပြီး
ဆုတောင်းဖူးတယ်
နင်မယုံ၇င် ဗီးနပ်စ်ကို မေးကြည့်
သူပြုံးပြုံးကြီးဖြေလိမ့်မယ်...
နင့်အတွက် ငါ့ရဲ့အရူးထမှုတစ်ခုပေါ့...

မျက်ဝန်း


ချစ်သူရယ်...
နင်ငါ့ကို နားမလည်တာလား..ဒါမှမဟုတ်
နားမလည်ချင်ယောင်ဆောင်တာလား...
နင့်အတွက်ငါဟာ...ဘာဖြစ်နေလဲ
ချစ်သူ၇ယ်...
နင်နဲ့ငါ့ကြားမှာ..အရမ်းဝေးနေတယ်ဟာ
ငါဘယ်လိုလုပ်ရမလဲ
တစ်ချိန်ကရခဲ့ဖူးတဲ့ နင့်အကြည့်လှလှလေးတွေ..
ငါ လွမ်းမိတယ်..
နင် ထပ်ပေးဦးမှာလား..

နင့်ရင်ထဲမှာ


နင်နဲ့ငါ ဝေးကြချိန်...
နင် ငါ့ကိုသတိရမှာလား
သိချင်တာတော့ အမှန်ပဲ...
ကောင်မလေး၇ယ်..
နင်ငါ့ကို ပြောပြပါလား
နင့်၇င်ထဲမှာ ငါရှိခဲ့ဖူးလား
တစ်နေ့နေ့တော့ သိခွင့်ရချင်တယ်..
ငါမေး၇င် နင်ဖြေမှာလား....

ဘယ်တော့မှ လက်မကမ်းပါနဲ့


နင်နဲ့ပက်သက်လို့
ငါရရှိမှာ...သေခြင်းတရားဆိုရင်တောင်
ငါအပြုံးမပျက်ဘူး...ချစ်သူ
ဒါပေမဲ့...
ချစ်သလို မချစ်သလိုနဲ့
နင်ငါ့ကို မကစားဖို့ကြိုပြောချင်တယ်...
အမှောင်ထဲကလူ
အလင်းကို တောင့်တပေမဲ့
နင်ကမ်းတဲ့လက်က ကရုဏာလက်ဆိုရင်တော့
ဆောရီးပါချစ်သူ...မတွဲနိုင်ပဲနဲ့
နင် လက်မကမ်းပါနဲ့....ငါတစ်ယောက်တည်းသေပါရစေ

မညာပါနဲ့


နင်နဲ့ငါ့ကြားမှာ..
တစ်စုံတစ်ခု ဖြစ်တည်ခဲ့ဖူးတယ်..
နင် မငြင်းပါနဲ့
နင်နဲ့ငါ မျက်ဝန်းတွေဆုံခဲ့ကြဖူးတယ်
တိုက်ဆိုင်ကြတာလား
နင်နဲ့ငါ နားလည်ခဲ့ကြတယ်
အဲဒါ ဘာလဲဆိုတာ ..
နင်လည်းသိတယ်..ငါလည်းသိတယ်
နင်နဲ့ငါနှစ်ယောက်တည်းသိတယ်...
နောက်ပြီး ဘုရားလည်းသိတယ်..
နင် မညာပါနဲ့...

ကျဆုံးခဲ့တဲ့ နှလုံးသား


နင့်အတွက်ငါကျရှုံးနေခဲ့တာ..
နင်လည်းမသိ..ဘယ်သူမှလည်းမသိ
ငါတစ်ယောက်တည်း...
လမ်းမတွေပေါ်မှာ...
တိုက်ပွဲအလီလီတိုက်ခဲ့တဲ့ တိုက်တိုင်းအောင် ငါ့နှလုံးသားက
အချစ်ဆိုတဲံ့မြှားလေးတစ်ချောင်းကို မခံနိုင်ခဲ့ပါလား
ချစ်သူရယ်..ငါမသေခင် အားလုံးကို ၀န်ခံသွားပါရစေ...
ငါ နင့်ကို အရမ်းချစ်တယ်..
တစ်ခုပဲတောင်းဆိုပါရစေ...ငါ့ရှေ့မှာတခြားတစ်ယောက်နဲ့
ဘယ်တော့မှ တွဲမသွားပါနဲ့...
ငါ့အသက် တစ်ရက်ပိုတိုလိမ့်မယ်...နင်ယုံကြည်ပါနော်..

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews