Wednesday, July 24, 2013

လမ်းခွဲးမျက်ရည်

 နေ၀င်ချိန်ရဲ့ ညအမှောင်တွေလို
ငါ့ဘ၀လဲ အလင်းရောင်ပျောက်ရှခဲ့တာ
ကြာပြီပေါ့။
ပြန်မဆုံနိုင်တဲ့ လမ်းမပေါ်မှာ
မင်းနာမည်ကို တကြော်ကြော်
အော်ဟစ်နေခဲ့မိတယ်။
မျဉ်းပြိုင်နှစ်ကြောင်းလို
ဘယ်တော့မှမဆုံနိုင်မှန်း
သိခဲ့ပေမယ့်..
ဆုံနိုင်ခွင့်ကိုတမ်းတမိတာ
အမှားတစ်ခုကို ကျူးလွန်သလို
ဖြစ်နေလား။
ငါရူးတယ်လို့ ပြောကြပါစေ...
အဲဒီရူးသွပ်ခြင်းမှာပဲ
ပျော်ဝင်စီးဆင်းနေချင်တယ်.....
ကောင်မလေးရေ...
ငါငိုနေတယ်....
ချစ်တတ်သူတို့ရဲ့ နှလုံးသားမျိုးနဲ့
ငိုနေတာပါ....
လမ်းခွဲပိုးကောင်ရဲ့ တကျွီကျွီအော်သံ
ငါကြားနေရတယ်......ငါ့အတွက်တော့..
နိ မိတ် တစ် ခု လို ပါ ပဲ.....................။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews